Part-18

1.5K 71 2
                                    

"📞တီ~တီ~တီ 📞"
စိုင်း တစ်ယောက် ည၁၀နာရီကျော်ကြီးphလာလို့ အိပ်ရာကလန့်နိုးကာ ဖုန်းကိုစမ်းတဝါးဝါးကောက်ကိုင်လိုက်သည်..
Contact nameကိုကြည့်လိုက်တော့ Nay Gyi
"ဟာ..ဒီလဒ က ဒီအချိန်ကြီး ငါ့ကိုနှောင့်ယှက်ပြန်ပြီ.."
ပါးစပ်က ချစ်သူငယ်ချင်းကြီးအားကျိန်ဆဲရင်း Answer ခလုတ်ဆီသို့နှိပ်လိုက်သည်....

"ပြော..လဒ..ဒီအချိန်ကြီးဘာကိစ္စလဲ.!!." စိုင်း စိတ်တိုစွာကျိန်ဆဲမိလိုက်သော်လည်း တစ်ဖက်ကဖုန်းဖြေသူမှာ နေသွေး မဟုတ်...

"ဟို..ဒီphပိုင်ရှင်က အခု  SKY Club မှာပါ..သူအခု Beerတွေသောက်ပြီးအရမ်းမူးပြီးအိပ်ပျော်နေလို့ သူ့phထဲက ပထမဆုံးတွေ့တဲ့contactကိုလှမ်းဆက်လိုက်တာပါ.."

"ဟာ..ဟုတ်..ကျနော်ခုချက်ချင်းအဲ့ကိုလာခဲ့ပါ့မယ်.."

စိုင်းတစ်ယောက် နေသွေးရှိနေသော Clubသို့ အမြန်နှုန်းနဲ့ကားကိုမောင်းလာခဲ့ရသည်..ဒီကောင်မူးနေပုံမျိုးနဲ့ဆိုင်ကယ်နဲ့မဖြစ်တာကြောင့် အဖေ့ကိုအကြောင်းစုံရှင်းပြပြီး အဖေ့ကားကို ယူမောင်းလာရသည်..

စိုင်း Clubကိုရောက်တော့ နေသွေး စားပွဲပေါ်မူးပြီးမှောက်အိပ်နေလေသည်...

"နေသွေးရာ..ဘာတွေကိုဘယ်လောက်ခံစားနေရလို့ မင်းမုန်းလွန်းပါတယ်ဆိုတဲ့အရက်ကို သောက်ရတာလဲကွာ.."

စိုင်းလည်းသုငယ်ချင်းဖြစ်သူအား ဆိုင်မှwaiterလေး၏အကူအညီဖြင့် ကားထဲမနည်းရောက်အောင်ပို့ရသည်...

စိုင်း ကားမောင်းနေစဉ်..

"ညီ... ညီ......."

ဘေးခုံမှသူငယ်ချင်းဖြစ်သူ ယောင်ပြီးပြောနေသော စကားများကိုနားစွင့်နေမိသည်...

"ကိုယ့်ကို မထားခဲ့ပါနဲ့ကွာ...ကိုယ်မှားသွားပါတယ်...ကိုယ့်ကိုမထားခဲ့ပါနဲ့..ညီ.."
ရှိုက်သံများနှင့်ငိုပြီးယောင်နေသော သူငယ်ချင်းဖြစ်သူ၏ခံစားရသည်များကို စိုင်း သေချာနားမလည်သေးပေမယ့် သနားမိတာတော့အမှန်.....

မိဘ၂ပါးလုံးငယ်ငယ်တည်းကရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားရပြီး ငယ်ငယ်တည်းက Uncleလေးနဲ့ နိုင်ငံခြားလိုက်သွားရသောသူ...
Uncleလေးကလည်းအလုပ်တွေနှင့်မို့ နေသွေး ကိုလိုလေသေးမရှိထားပေးသော်လည်း သေချာဂရုမစိုက်ပေးနိုင်..
ခုလည်း မြန်မာပြည်ပြန်လာပြီးကျောင်းလာတက်တော့ သူ့အိမ်မှာသူတစ်ယောက်တည်းသာ....
နေသွေး ဘ၀ဟာအထီးကျန်ဆန်လွန်းလှသည်..
စိုင်း သူငယ်ချင်းဖြစ်သူနာကျင်နေရသည့်အကြောင်းအရင်းအစုံကိုမသိသော်လည်း သူအသည်းကွဲလာမှန်းတော့သေချာသိသည်..

CAN I............(Completed!)Where stories live. Discover now