စိုင်းကောင်....ငါမင်းကိုဒီအတောအတွင်းမပြောဖြစ်ခဲ့တာတွေ
မတိုင်ပင်ဖြစ်ခဲ့တာတွေရှိတယ်။
မင်းလက်ခံချင်မှလည်းလက်ခံလိမ့်မယ်။
တကယ်တော့ ငါ့မှာ
ချစ်ရတဲ့သူရှိတယ်။
သူကမိန်းကလေးတစ်ယောက်မဟုတ်ဘူး။
အင်း ခုမင်းစဉ်းစားလိုက်တာအမှန်ဘဲ။
သူက ခပ်ငယ်ငယ်ကောင်းလေးတစ်ယောက်...
သူကသိပ်ကိုချစ်စရာကောင်းတယ်။
သူလှုပ်ရှားမှုတိုင်းကို ငါလုံးဝတန်ဖိုးမဖြတ်နိုင်ဘူး။
ငါသူ့ကိုဖွင့်ပြောတော့သူငြင်းတယ်။
ရက်ရက်စက်စက်ပေါ့။
ပြီးတော့သူ့မှာကောင်မလေးလည်းရှိနေတယ်။
ဒါမဲ့လည်းကွာ ငါကသူ့ ကိုမှ
ရူးရူးမူးမူး ချစ်နေမိတာ။ငါကိုကရူးသွားတာ။
ငါသူနဲ့ပတ်သတ်ရင်ဘာမှမမြင်တော့ဘဲ ငါလုပ်ချင်ရာတွေစွတ်လုပ်ခဲ့တာ။ ခုတော့ သူငါ့ကိုမုန်းသွားပြီ။
ငါချစ်တဲ့သူစီကအမုန်းတွေငါမခံယူဝံ့ဘူး။ငါထွက်သွားတော့မယ် သူငယ်ချင်း.....
ငါသူနဲ့ဝေးရာကိုထွက်သွားတော့မယ်။
ငါတောင်းပန်ပါတယ်..နေသွေးခန့်၏စာကားဤနေရာတွင်ပင်အဆုံးသတ်သည်။
စိုင်းမနေ့ညကတစ်ယောက်ထဲထားခဲ့ရသောသူငယ်ချင်းကိုစိတ်မချ၍မနက်လာပြန်ကြည့်သော်လည်း လူကမရှိ။
စာတစ်စောင်နှင့် စိတ်ညစ်စရာတွေသာချန်ခဲ့သည်။
တစ်အိမ်လုံးလဲရှုပ်ပွပြီး ဘာမှလည်းယူမသွား ။
ဖုန်းဆက်ကြည့်တော့လည်း စိုင်းရှေ့မှ
စာကြည့်ခုံလေးတုန်ခါသွားသည်သာအဖတ်တင်သည်။
ဖုန်းလည်းထားပစ်ခဲ့သည်။
ရှုပ်ပွနေသောစာကြည့်ခုံပေါ်တွင် diary တစ်အုပ်နှင့်
ဆုတ်ဖြဲထားသောစာရွက်တချို့....
စာရွက်တစ်ရွက်ကိုယူကာဖြန့်ကြည့်မိသည်။"ညီ့ အတွက်ကိုယ်ဟာအစထဲကမရှိသင့်ခဲ့တဲ့လူပါ ညီ"
"မင်းကွာ........တောက်"
YOU ARE READING
CAN I............(Completed!)
Randomဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕