part 1(Unicode )

9.2K 296 1
                                    

At 2:45PM
Bago University
ENGLISH MAJOR ASSOSIATION:

​ကျောင်းဝန်းထဲတွင်​လူအ​တော်​ပင်​ရှင်း​နေ​လေပြီ။
အ​ဆောင်​တစ်​ခုလုံးတွင်​လည်းစာသင်​နေ​သေး​သောအခန်းမှာFirst Year Classတစ်​ခုတည်းသာ...

​နောက်​ဆုံးအချိန်​မှာမြန်​မာစာအချိန်​ဖြစ်​သော​ကြောင့်​မြန်​မာစာဆရာမ​ဒေါ်စန္ဒာသည်​၀တ္ထုတိုတစ်​ပုဒ်​အ​ကြောင်း​သေချာစွာသင်​ကြား​ပေး​နေသည်​။​စိတ်​ပါဝင်​စား​သောမိန်းက​လေး​ကျောင်းသူတချို့ရှိ​သော်​လည်းအများစုမှာမူအိပ်​ငိုက်​သူကငိုက်​၊
နာရီကြည့်​သူကကြည့်​နှင့်​အသီးသီးအလုပ်​ရှုပ်​နေကြသည်​။

ထိုသူများထဲတွင်​တစ်​ယောက်​သောသူမှာလည်းအတန်း​ရှေ့နံရံတွင်​ချိတ်​ထား​သောနာရီမှာစက္ကန့်​လက်​တံများကိုနှုတ်​မှတတွတ်​တွတ်​ရေတွက်​ရင်းမျက်​မှောင်​ကြုံ့ထား​လေသည်​.

"ကျစ်​မပြီး​သေးဘူးလားကွာ"
တိုးတိတ်​စွာ​ရေရွတ်​ရင်းသက်​ပြင်းချကာခုဏ​လေးတင်​ကမှကြည့်​ထား​သောနာရီကိုထပ်​၍ကြည့်​မိပြန်​သည်​။၅မိနစ်​အတွင်းနာရီကိုဘယ်​နှခါ​လောက်​ကြည့်​မိ​နေမှန်းလည်းမသိ​တော့...​သေချာသည်​ကဆရာမသင်​နေ​သောစာထဲတွင်​လုံးဝစိတ်​မ၀င်​စားပါ​လေ။
ဒီနေ့မှ ဆိုင်ကယ်လည်းယူမလာမိ။
​ကျောင်းမှအလုပ်​ဆီသွားရန်​လည်းအချိန်​ကြာ​သော​ကြောင့်​လိုင်းကားဖြင့်​သွားလျှင်​လိုင်းကားမရှိမှာလည်းပူရသေးသည်​..သို့​ကြောင့်​အ​တော်​ပင်​ဂဏာမငြိမ်​ဖြစ်​နေ​လေပြီ....

"ငြိမ်​ငြိမ်​နေပါလျှမ်း​လေးရာ ပြီး​တော့မှာပါ မင်းငြိမ်​ငြိမ်​မ​နေတာငါစာထဲကိုအာရုံစိုက်​လို့မရ​တော့ဘူး"

လျှမ်း​လေး...
နာမည်​အရင်းက လျှမ်းဆက်​ခ
ပထမနှစ်​အင်္ဂလိပ်​စာအထူးပြု တက္ကသိုလ်​ကျောင်းသား.....
အရပ်​၅​ပေ၈လက်​မ ......
​အင်္ဂလိပ်​စာအထူးပြု​ကျောင်းသား​တ​စ်​ယောက်​သည်​ဆံပင်​အ​ရောင်​ဆိုးခွင့်​မရှိ၍ဆံပင်​အနက်ေ၇ာင်​ဖြင့့်​သာ....
နက်မှောင်သောဆံပင်ကိုသေသပ်စွာဖြီးသင်ထား၍
အစက်အပြောက်မရှိသောမျက်နှာသည်ရှင်းလင်းစွာပေါ်နေလေသည်။
အရွယ်ရောက်ပြီးသောယောက်ျားတစ်​ယောက်သည်ဝက်ခြံတစ်စနှစ်စတော့ပေါက်မြဲဖြစ်သည်။
သို့သော်လျှမ်းဆက်အတွက်တော့ဝက်ခြံဆိုတာဂျိုနဲ့လားဟုမေးရလောက်အောင်ပင်မရှိပေ။
အသားနည်းနည်းလတ်​ပြီး​ခြေ​ထောက်​နှင့်​လက်​တို့တွင်​အ​မွှေး​ရေး​ရေးက​လေးများရှိသည်​...
တချက်​ကြည့်​လိုက်​ရုံဖြင့်​ထင်းခနဲဖြစ်​နေသည့်​ရုပ်​ရည်​မျိုးပိုင်​ဆိုင်​ထားသည်​
(A/N တခါ​တွေ့ရုံနဲ့မှတ်​မိ​နေနိုင်​သောမျက်​နှာကိုဆိုလိုပါသည်​)
မျက်ခုံးကောင်း၍မျက်တောင်ရှည်ရှည်လေးများရှိသည်။
ပန်းနုရောင်နှုတ်ခမ်းပါပါးတစ်စုံနှင့်......

CAN I............(Completed!)Where stories live. Discover now