Ending (Unicode)

6.9K 135 4
                                    

"​ရော့ ဒီ​ရေ​ရော့ ဟို​ကောင်​"

"What's that "

နှစ်​ယောက်​လုံးပြိုင်​တူ...
ထို့​နောက်​

"Wowww.....မြန်​လိုက်​တာ..."

ဒီ​ရေကလည်း..

"ဘာများလဲလို့ ဆိုင်​ကိုတကူးတကချိန်းပြီး ဖိတ်​စာ​ပေးတာလား .....
မင်း​ရော အဆင်​ပြေရဲ့လား "

"အင်း​ပြေတယ်​ပဲဆိုရမယ်​ငါ့မှာ​နောင်​တရစရာလည်း...."

လျှမ်းဆက်​ခဏ​မျှ​တွေ​ဝေ​နေပြီး

"မရှိပါဘူး..ကဲ နှစ်​ကောင်​လုံးလာစား​ချေ လက်​ဖွဲ့က​တော့ယူလာမ​နေနဲ့ သတို့သားအရံ​တွေဘာ​တွေလည်းမ​ခေါ်​တော့ဘူး မင်းတို့လည်းအဆင်​ပြေမှာမဟုတ်​ဘူး​လေ "

"အွန်းလာခဲ့ပါ့မယ်​"

"အဲ့ဒါဆို ငါပြန်​မယ်​ဒီ​ရေ ...."

"​အေး​အေး​သေချာဂရုစိုက်​ပြန်​ဦး"

ဒီ​ရေနှင့်​Rhyme လည်း ခဏ​နေပြီး
အိမ်​ပြန်​ကြ​သည်​။

Rhyme ဖိတ်​စာကို​ဧည့်​ခန်းစားပွဲ​ပေါ်တွင်​တင်​ခဲ့ကာ​ခြေလက်​ဆေးပြီးအိပ်​ယာဝင်​သည်​။
မနက်​လင်း​သော်​

" သား​ရေ​ဒီမှာ ကိုစိုင်း​ရောက်​နေတယ်​လာထိုင်​ဦး"

"ဟာ ကိုစိုင်း.. ဘယ်​တုန်းက​ရောက်​လဲ"

Rhyme ဧည့်ခန်း​တွင်​ထိုင်​နေ​သောစိုင်းအား တအံ့တသြနှုတ်​ဆက်​သည်​။

"လာ ထိုင်​ငါ့ညီ မင်းအကိုအ​ကြောင်းသိရလို့လာ​ပြောတာ "

"ကို​နေကြီး အ​ကြောင်းသိရပြီလား သူဘယ်​မှာလဲဟင်​"

စိုးရိမ်​ကြီးစွာ​မေးလာ​သော Rhyme
​ဒေါ်နန်းသီလည်းမျက်​နှာ​မ​ကောင်း ....

"သူ ဘယ်​မှာရှိ​နေတယ်​ဆိုတာ မသိရဘူး
သူ​နေ​ကောင်းတယ်​အဆင်​ပြေ​ပြေရှိ​နေတယ်​တဲ့
Uncle​လေးစီကိုဆက်​သွယ်​တယ်​တဲ့ ..."

"သူ့ဖုန်းနံပါတ်​ရော ....."

စိုင်းသက်​ပြင်းချကာ​ခေါင်းကိုတွင်​တွင်​ခါရင်း....

"တစ်​ခါသုံးဖုန်းက​နေဘဲဆက်​သွယ်​တာတဲ့"

Rhyme​ရော​ဒေါ်နန်းသီပါ​ခြေပြစ်​လက်​ပြစ်​.....

CAN I............(Completed!)Where stories live. Discover now