ပဲခူး-ရန်ကုန်အဝေးပြေးကားလမ်းမပေါ်တွင်အရှိန်ဟုန်ပြင်းစွာမောင်းနှင်လာသောဆိုင်ကယ်လေးတစ်စီး...
ထိုဆိုင်ကယ်လေးပေါ်တွင်အနောက်မှထိုင်လိုက်လာသောကောင်လေးက..
"ဟျောင့်..မင့်ဆိုင်ကယ်ကြီးကိုအရှိန်နည်းနည်းလျှော့ဦး..ငါလေထဲလွင့်ထွက်တော့မယ်..""ဒါငါ့အတွက်ပုံမှန်မောင်းနေကျspeedပဲကွ''
"..မင်းတစ်ယောက်တည်းဆိုဘယ်လိုအရှိန်နဲ့ပဲမောင်းမောင်း..အခုငါပါနေတာ.အရှိန်နည်းနည်းလျှော့ပါဟ..ငါလေးရည်းစားတောင်ရသေးတာမဟုတ်ဘူး..သင်္ချိုင်းကုန်းတော့မင်းနဲ့အတူမလိုက်နိုင်သေးဘူး.ဟွန့်"
"ဟာာ..ဒီရေရာ..ဖွဟဲ့..နမိတ်မရှိ..အေးပါကွာ.ငါအရှိန်လျှော့ပေးမယ်ဟုတ်ပြီလား."
"ဒါနဲ့..လျှမ်းလေးမင်းငါ့ကိုဘယ်ခေါ်သွားနေတာလဲ.."
"ဒီရေ..You're so so talktiveပဲကွာ..တိတ်တိတ်လေးနေပေးဟုတ်ပြီလား.ရောက်ရင်သိလိမ့်မယ်.."
လျှမ်းဆက်အပြောကိုဒီရေမကျေနပ်၍ပြန်ပြောပစ်ချင်သော်လည်းအခုအချိန်မှာလျှမ်းဆက်ဝယ်လာသောမုန့်ထုပ်တွေမျက်နှာကြောင့်ဒီရေသည်းခံနေလိုက်ရသည်...
အချိန်အတော်ကြာပြီးနောက်..အရှိန်ဖြေးညင်းစွာမောင်းနှင်လာသောဆိုင်ကယ်လေးမှာသာယာလှသောနေရာလေးတစ်ခုရှေ့တွင်ရပ်တန့်သွားလေသည်..
လျှမ်းဆက်ဆိုင်ကယ်ကိုရပ်၍ရုတ်တရက်ဆင်းလိုက်သောအခါ အနောက်မှလျှမ်းဆက်ပခုံးကိုမှီ၍အိပ်ငိုက်နေသော ဒီရေတစ်ယောက်နှဖူးနှင့်ဆိုင်ကယ်ဒိုင်ခွက်မိတ်ဆက်လေတော့သည်..
ပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်စွာ လျှမ်းဆက်အားဒီရေထဆဲတော့သည်..
"$လောရှည်ကောင်ကြီး..ဆင်းမယ်ဆိုလည်းနည်းနည်းပါးပါးကြည့်ဆင်းပေါ့..ခုတော့ငါ့နှဖူးလေးနီရဲသွားပြီ..အကျင့်မကောင်းတဲ့အစုတ်ပလုတ်ကြီး.."
ဒီရေလျှမ်းဆက်အားစူးရှလှသော
အသံပြဲနှင့်အော်တော့သည်။
အိပ်မှုန်စုံမွှားဖြစ်နေသောမျက်လုံးတို့ကို
ပွတ်ရင်းပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိတော့…
YOU ARE READING
CAN I............(Completed!)
Randomဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕