part 2(Unicode)

4.6K 221 0
                                    

တီတီ~~တီ~~ တီတီ~~ တီ(Alarm Ring)
Rhymeတစ်​ယောက်​နှိုးစက်​ကြီး​ပေး၍​နေ့ခင်းဘက်​ကြီးအိပ်​ပျော်​နေ​လေသည်​။

"သား​ရေ..Rhyme..သား ထ​တော့​လေ..၃နာရီခွဲ​နေပြီ..ခဏ​နေ guideဆရာလာ​တော့မှာ.."

"ဟာာ..​အ​မေတို့က​တော့လုပ်​ချလိုက်​ပြန်​ပြီ..guideဆရာထပ်​ငှားထားတာသားကို​တောင်​အသိမ​ပေးဘူးဗျာ"
Rhymeတစ်​ယောက်​အိပ်​ချင်​မူးတူးအသံဖြင့်​ညည်းညူ​ပြော​နေ​လေသည်​..

"ဟဲ့..ငါနင့်​အ​ကြောင်းသိလို့တမင်​မ​ပြောတာ..အရင်​Guideဆရာမ​လေး​တုန်းကလည်းနင်​ဆိုးတဲ့ဒဏ်​မခံနိုင်​လို့လစာ​တွေပြန်​အပ်​ပြီးထပ်​မလာ​တော့တာ​လေ..​အေ ဒီတစ်​ခါ​တော့နင့်​လုပ်​ရပ်​တေကိုငါငြိမ်​ပြီးမကြည့်​တော့ဘူး​နော်​"

"ဒါ​ပေမယ့်​အ​မေရာ..နည်းနည်း​တော့ကြို​ပြောသင့်​တာ​ပေါ့..ခု​တော့သားကဟို​ကောင်​တွေနဲ့​ကျောင်းပိတ်​ရက်​လေးအပြင်​သွားဖို့ချိန်းထားပြီးပြီ"

"နင့်​သူငယ်​ချင်း​တွေက​တော်​တော်​အ​ရေးကြီး​နေလား..phဆက်​ပြီးပြန်​ဖျက်​လိုက်​..ပြီး၇င်​အ​မေ့ကိုguideဆရာမလာခင်​လေး လမ်းထိပ်​က မမူဆိုင်​မှာ
ရှမ်း​ခေါက်​ဆွဲနှစ်​ပွဲ
အမြန်​လေးသွားဝယ်​ပေး"

"ဟမ်​..ခါတိုင်း​မေအာ့မျိုး​တွေမစားတတ်​ပါဘူး..ဒီ​နေ့မှဘာလို့..?"

"aww..ဒီ​နေ့အမေဥပုသ်​စောင့်​တယ်​လေ..မင်းအ​ဖေကလည်းသူ့၇ုံးကသူငယ်​ချင်းတစ်​ယောက်​၇ဲ့partyတက်​မှာမို့ည​နေစာအိမ်​မှာစားမှာမဟုတ်​ဘူး..အာ့​ကြောင့်​အ​မေည​နေစာမချက်​တော့ဘူး.သားနဲ့guideဆရာ​လေးအတွက်​သွားဝယ်​ခိုင်းတာ "

"ဟူးးး..ဟုတ်​ကဲ့ပါဗျာ.."

Rhymeတစ်​ယောက်​အ​မေ့စကားကိုမလွန်​ဆန်​နိုင်​စွာသက်​ပြင်းရှည်​ကြီးချလျက်​အိပ်​ချင်​မူးတူး​ခေါင်းစုတ်​ဖွားပုံဖြင့်​သာ5000တန်​တစ်​၇ွက်​ကိုင်​၍လမ်းထိပ်​ထွက်​ခဲ့​လေသည်​..

RHYMEမှာ ၁၀တန်း​ကျောင်းသား​လေးဖြစ်​၍ ပညာတံခွန်​ကိုယ်​ပိုင်​ကျောင်းတွင်​တက်​လေသည်​..
အ၇ပ်​မှာ၆​ပေခန့်​ရှိ၍
အသားဖြူဖြူပိန်​ပိန်​ပါးပါးနှင့်​
​ကျောင်းမှမိန်းက​လေးများကြားတွင်​Popularဖြစ်​သော​ကောင်​လေးတစ်​ယောက်​ဖြစ်​သည်​..
နှုတ်​ခမ်း​ထောင့်​မှမှဲ့နက်​က​လေးတစ်​လုံးနဲ့၇ယ်​လိုက်​လျှင်​ချိုင့်​ဝင်​သွား​သောပါးချိုင့်​က​လေး၂ခုမှာသူ့မျက်​နှာ​ပေါ်တွင်​ဆွဲ​ဆောင်​မှုအရှိဆုံးအရာ​လေးများဖြစ်​သည်​.....
Rhyme၏​ဖေ​ဖေဦး​ဇေယျာမှာနာမည်​ကြီးBankတစ်​ခုတွင်​Managerချုပ်​ရာထူးဖြင့်​အလုပ်​လုပ်​ကိုင်​၍​မေ​မေ​ဒေါ်နန်းသီမှာ​တော့အိမ်​တွင်​နေကာအိမ်​မှုကိစ္စအ၀၀ကိုနိုင်​နိုင်​နင်းနင်းလုပ်​ဆောင်​နိုင်​သောအိမ်​ရှင်​မ​ကောင်းတစ်​ယောက်​ဖြစ်​သည်​...

CAN I............(Completed!)Where stories live. Discover now