part 21

1.6K 71 4
                                    

"ကိုကို ကျ​နော်​ ဒီ​နေ့အပြင်​မသွားဘူး ကိုကို​ရောဘာလုပ်​​နေလဲ"

"ငါအိပ်​​နေတာ "

"ဟုတ်​လား ဟီး ....."

"ဘာဟီးဟီး လဲ Rhyme စုတ်​ ငါအိပ်​​နေပါတယ်​ဆိုမှ "

"ကိုကို့အိပ်​ချင်​မူးတူးအသံ​လေးကချစ်​ဖို့​ကောင်းလို့ "

"​တော်​ပြီကွာ ငါပြန်​အိပ်​​တော့မယ်​ "

"ဟယ်​လို ကိုကို  ​ဟော ဖုန်းချသွားပြီ နှာ​ခေါင်းနီပြီရှက်​​နေမှာမြင်​​ယောင်​​သေးတယ်​ အား.....ချစ်​ဖို့​ကောင်းလိုက်​တာကွာ"

သံ​ယောဇဉ်​ရှိလာရင်း....
ကြာလာ​တော့ ချစ်​မိလာတယ်​..
ဒီ​ရေလှိုင်း.
...............................

ဤသို့ဖြင့်​ 6လပိုင်း​အောင်​စာရင်းတွင်​ Rhyme ဂုဏ်​ထူး ၄ဘာသာဖြင့်​​အောင်​သည်​။ထို့​နေ့တွင်​Rhyme သူငယ်​ချင်းများလာ​ခေါ်​သော်​လည်း ဒီ​ရေ့အိမ်​သို့သာဆိုက်ဆိုက်​မြိုက်​မြိုက်​​ရောက်​လာသည်​။

"ဟို  အကိုဒီ​​ရေလှိုင်း ရှိလားမသိဘူး"

" မင်းက "

"ကျ​နော်​ Rhyme ပါ အန်​တီ "

"​အော်​ Rhyme ​လေး အန်​တီကနာမည်​ဘဲသိပြီး
လူ​တော့ခုမှ​တွေ့ဖူး​တော့ မသိတာ
သား​လေး လာအထဲဝင်​ထိုင်​ ဒီ​ရေ​လေးအိပ်​​နေတုန်းဘဲ သား​အောင်​စာရင်းထွက်​တယ်​မဟုတ်​လား "

"ဟုတ်​ ဂုဏ်​ထူး ၄ခု​တောင်​ပါတယ်​ အန်​တီ အဲ့ဒါ ကိုကို ဟို ​ကျေးဇူးတင်​ချင်​လို့ "

"​အေး​အေး အန်​တီ​ခေါ်​ပေးမယ်​ "

"အန်​တီ ဟို​လေ ကျ​နော်​ ဂုဏ်​ထူးပါတယ်​​ဆိုတာမ​ပြောနဲ့ဦး​နော်​ ကျ​နော်​ကိုယ်​တိုင်​​ပြောချင်​လို့ "

ဒေါ်​သော်​တာ​ပြုံးကာ​ခေါင်းငြိမ့်​ပြပြီး အခန်းထဲဝင်​ကာ
အိပ်​​ပျော်​​နေ​သော​သား​တော်​​မောင်​ကိုနှိုးရသည်​။
ဒါ​တောင်​​တော်​​တော်​နဲ့မထချင်​ ........

"ဘာတုန်းကွာ ......အိပ်​​နေတာကို "

"ကိုကို "
လေသံဖြင့်​အသံထွက်​ရုံသာ​ခေါ်​တော့ ဒီ​ရေကနားလည်​သလို ​ခေါင်းငြိမ့်​ပြသည်​.....

CAN I............(Completed!)حيث تعيش القصص. اكتشف الآن