part 5 (Unicode)

2.8K 161 4
                                    

မနက်၈နာရီ philo tutorial ချိန်ဖြစ်သည်။
(A/N Emajorတွင်ဒုတိယနှစ်အထိminorအဖြစ်
သင်ကြားရသောဒဿ နိ ကဗေဒပညာရပ်
ဖြစ်ပါသည်)

၈နာရီထိုးဖို့၁၀မိနစ်အလို~
ဒီရေအခန်းထဲတွင်စာကျက်နေလေသည်။
လျှမ်းဆက်ရောက်မလာသေး။
ဒီရေစာကျက်ရင်းလက်ကလည်း
လျှမ်းဆက်ကိုဖုန်းခေါ်နေသည်။

''မကိုင်ပြန်ဘူးကွာ''
စိတ်မရှည်စွာရေရွတ်ရင်းစာကိုသာအာရုံပြန်စိုက်ပြီးကြည့်နေလိုက်သည်။

၈နာရီထိုးပြီး၅မိနစ်
လျှမ်းဆက်ရောဆရာမရောရောက်မလာသေး......
ဒီရေအခန်းတံခါးသို့လည်လိမ်ရင်းကြည့်မိသည်။
လျှမ်းဆက်တစ်ယောက်ရောက်လာပါပြီ။
ရောက်လာတော့လည်းဆရာမနှင့်အတူတူ....
မသိရင်သွားကြို လာသလိုလိုနဲ့...

လျှမ်းဆက်ဒီရေဘေးတွင်ဝရုန်းသုန်းကားနဲ့လာထိုင်သည်။
လူကစကားပင်မပြောနိုင်သေးချေ။
tutorialစာအုပ်များဝေနေစဉ်ဒီရေကအနားသို့ကပ်ခါ

"ဘယ်လိုဖြစ်လာရတာလဲ လျှမ်းလေးရာ
အိပ်ယာထနောက်ကျပြန်ပြီလား''

လျှမ်းဆက် အသက်ကိုလုရှူ လိုက်ပြီး
''မဟုတ်ဘူးကွ ငါနောက်ကျနေပြီဆိုပြီး
ဆိုင်ကယ်ကိုအမြန်မောင်းလာတာ
ဈေးထိပ်မှာမော်တော်ပီကယ်နဲ့တွေ့ပြီးအရစ်ခံလာရတယ်ကွာ ''

ပြီးမှခဏနားပြီး
''စိတ်ညစ်လိုက်တာမှပြောမနေနဲ့ ဒီရောက်လို့နောက်ကျရင်လဲဆရာမကရစ်ဦးမယ်ဆိုပြီး ကျောင်းရှေ့ထဲကဆိုင်ကယ်အမြန်အပ်ပြီးပြေးလာတာ တော်သေးတယ် ဆရာမနဲ့လမ်းမှာတွေ့တော့မှ
သက်ပြင်းချနိုင်တယ်။
ဆရာမကလည်း ငါ့ကိုတွေ့တာနဲ့ 'ဟဲ့ဟိုကောင်လာခဲ့စမ်း
နင်E majorကမလား'ဆိုပြီးစာအုပ်သယ်ခိုင်းတယ်ကွာ မောရတဲ့အထဲ''

ဒီရေ လျှမ်းဆက်ကိုကြည့်ရင်း ခုံကိုခပ်ဖွဖွထုကာ တဟက်ဟက်နှင့်ရယ်နေလေသည်။

''မင်းကတော့ကွာ ဖြစ်ရမယ် စာအုပ်ရပြီ ရေးတော့ ကျက်လာတယ်မလား''ဟု တိုးတိုးဆိုသည်။

လျှမ်းဆက်လည်း
''ငါဘယ်တုန်းကtutorialကိုကျက်ဖြေလို့လဲ''

''ဟဲ့ ဟိုနောက်နားကနှစ်ယောက်
စကားများမနေနဲ့ ကျက်ခိုင်းထားတယ်မလား ဖြေလေ''

CAN I............(Completed!)Where stories live. Discover now