part 22(Unicode)

2.5K 101 0
                                    

လျှမ်းဆက်​ခ's POV

​နေပြန်​ကောင်းလာထဲက​ကျောင်းမှာ
ခင်​ဗျားကိုမ​တွေ့ရ​တော့ဘူး

ဒါလည်း​ကောင်းတယ်​ကျ​နော်​ခင်​ဗျားကိုထပ်မြင်​ရင်​
ဘာလုပ်​မိမလဲမသိဘူး

ဒါ​ပေမဲ့ ကျ​နော့်​နားထဲ ခင်​ဗျား​ခေါ်သံကြီးကြား​နေရတယ်​။
ခင်​ဗျားရှိ​နေ​သေးတာလား....

​လျှမ်းဆက်​ခ ပုံမှန်​တာဝန်​တွေကိုသာဆက်​လက်​ပြုလုပ်​ရင်းအချိန်​တွေကိုကုန်​ဆုံး​စေသည်​။
မနက်​တိုင်း​ကျောင်းလာပြီး
ည​နေတိုင်း ဆိုင်​သွားသည်​။
ဆိုင်​ရောက်​တိုင်းတစ်​ယောက်​ယောက်​ကိုရှာ​နေမိတာလည်းအမြဲတမ်း......

အရှက်​ခွဲခံရတဲ့ခံစားချက်​ကို​တော့​မေ့​ဖျောက်​လို့မရသည့်​တိုင်​နေသားကျလာခဲ့ပြီ။
အဲ့​နေ့ကတခြားဘယ်​သူမှရှိမ​နေခဲ့လို့​တော်​သေးသည်​။

​ကျောင်းပိတ်​ရက်​ထဲ အ​မေဖြစ်​သူ​ဒေါ်မာလာနှင့်​ပိုးထည်​လုပ်​ငန်းကူလုပ်​ရင်း ည​နေပိုင်း cafe ဆိုင်​ကိုလည်းမပျက်​မကွက်​သီချင်းလာဆို​ပေး​လေ့ရှိသည်​။

ဒီလိုနဲ့ ဒီလိုနဲ့ဘဲ​နေသားတကျရှိလာခဲ့ပြီ။....
​ပေါ်မလာသူကိုရှာမ​နေတတ်​တော့.......

📨📨📨📨📨📨

၅နှစ်​ခန့်​ကြာ​သော်​......

​ရွှေပြည်​၏ မြင်​ခင်းစိမ်းတ​နေရာတွင်​ဖြစ်​သည်​။

"ဟိုနှစ်​ကောင်​ငါ့မျက်​စိ​နောက်​လာပြီ​နော်​
မင်းတို့ချစ်​ကြည်​နူးတစ်​တီတူး​နေတာရပ်​လိုက်​ရင်​ကောင်းမယ်​"

"မရပ်​ပါဘူး မျက်​စိ​နောက်​ရင်​မကြည့်​နဲ့ "

လျှမ်းဆက်​ဒီ​ရေနှင့်​Rhyme တို့
အလုပ်​ပိတ်​ရက်​တွင်​စုပြီး​လျှောက်​လည်​နေကြခြင်းဖြစ်​သည်​။
ဒီ​ရေ တို့ကိစ္စကို လျှမ်းဆက်​အားဖွင့်​ပြော​တော့ အ​ထွေ
အထူးမရှိလက်​ခံ​ပေးခြင်းသည်​LGBTကိုပါလက်​ခံလာ​ပေးနိုင်​သည့်​သ​ဘောပင်​......
ဒီ​ရေတို့ကိုနှစ်​ဖက်​မိဘကလည်းအလွယ်​တကူ​တော့
မဟုတ်​ပေမဲ့ လက်​ခံ​ပေးခဲ့ကြသည်​။

CAN I............(Completed!)Where stories live. Discover now