part 6 (Unicode)

2.5K 139 0
                                    

ဒီရေ
အခန်းပြင်သို့ရောက်သော်သက်ပြင်းတစ်ခုသာချမိသည်။
မလွယ်ပါလားကွာ......

သက်ပြင်းတွေချရင်းသာအိမ်ကိုရောက်မှန်းမသိပြန်ရောက်လာသည်။ရေချိုးထမင်းစားကာအခန်းထဲသာဝင်ခွေကာသီချင်းနားထောင်နေသည်။
နက်ဖြန်Tutorialမရှိတာမို့စာမကျက်ဘဲနေလို့ရလောက်တယ်။
အခန်းထဲ၌ဝိုင်ဝိုင်း၏ဖြေသိမ့်လိုက် သီချင်းသံတိုးတိုးကပျံ့လွင့်နေသည်။

လပြည့်ထမင်းစားပြီးနောက်
အခန်းထဲဝင်လာသည်။
ထို့နောက်ခွေခွေလေးအိပ်နေသောဒီရေ့ကိုတွေ့ပြီး

''ဟိတ် ကိုကို ဘာဖြစ်နေတာလဲ
မနေ့ကလဲ မျက်နှာမကောင်း ဒီနေ့လဲမကောင်းနဲ့''

ဒီရေလှဲနေရာမှထထိုင်လိုက်ပြီး သီချင်းကိုပိတ်ကာ
မချွတ်ရသေးသော်မျက်မှန်အဝိုင်းလေးကိုချွတ်လိုက်သည်။

''ဘာမှမဖြစ်ပါဘူးကွာ
ငယ်လေးရောစာတွေအဆင်ပြေရဲ့လား
မသိတာရှိရင်မေးလေ ''

စာကြည့်စားပွဲမှအလင်းရောင်သည် ဒီရေ၏မျက်နှာကိုရှင်းလင်းစွာတွေ့မြင်နိုင်ရန်ထောက်ကူပေးလေသည်။
မျက်မှန်မတပ်ထားသောကြောင့် အညိုရောင်မျက်စံတို့ကိုထင်ရှားစွာမြင်နေရသည်။
နှာခေါင်းထိပ်လုံးလုံးလေးနှင့်
ပါးဖောင်းဖောင်းလေးကြောင့်
မသိတဲ့သူနှင့်တွေ့လျှင်လပြည့်ကအကို ဒီရေကညီလေးဟုအမြဲအထင်ခံရတတ်သည်။
လပြည့်လည်း ဒီရေ့ကိုကြည့်ကာ......

''ကိုကိုကလည်းဗျာ
စာတွေကရပါတယ် ဘယ်သူ့ညီမို့လို့လဲ''

နှစ်ယောက်သားပြိုင်တူရယ်မိကြသည်။

''စာကျက်တာလည်းကျက် အိပ်ရေးဝအောင်အိပ်ပြီး
ထမင်းလည်းမှန်မှန်စား
အမြဲတမ်းဘဲထိုင်မနေနဲ့လမ်းလေးဘာလေးလျှောက်
ကျန်းမာရေးအတွက်
နေမကောင်းလို့စာမေးပွဲမဖြေနိုင်တာမျိုးတွေရှိတယ်လေ''

''သိပါတယ် ကိုကိုရာ
ကျနော်အိပ်ရေးလဲဝတယ် စားလွန်းလို့လည်းကိုကို့လို
ဝလုံးဖြစ်တော့မယ်
တော်သေးတယ် ကျနော်ကအရပ်ရှည်တာမို့လို့''

ဒီရေ မနိုင်စိန်ညီတစ်ယောက်ကိုမျက်စောင်းထိုးရင်းသာ

''ကဲကဲ စာကြည့်တော့ငယ်လေး
စောစောလဲအိပ်ဦး
အရမ်းနောက်မကျစေနဲ့''

CAN I............(Completed!)Where stories live. Discover now