part 10(Unicode)

2.1K 121 1
                                    

၉နာရီထိုးခါနီး၍ အတန်းထဲတွင်​လူစုံ​နေပြီဖြစ်​သော်​လည်းဆရာမ မ၀င်​သေး​သော​ကြောင့်​GAME​ဆော့သူက​ဆော့ ၊ K-Popအ​ကြောင်း​ပြောသူက​ပြော ၊ Cosmetic​တွေအ​ကြောင်း​ပြောသူက​ပြောနှင့်​ကိုယ်​စီအလုပ်​ရှုပ်​ကာ တစ်​ယောက်​တစ်​ပေါက်​နှင့်​ဆူညံ​နေ​လေသည်​။

ထိုအထဲအများနှင့်​မတူ .စကားလည်းမ​ပြော ၊ gameလည်းမ​ဆော့နှင့်​ငြ်ိမ်​နေ​သော၂​ယောက်​က​တော့ ဒီ​ရေလှိုင်း နှင့်​လျှမ်းဆက်​ခ...

ဒီ​ရေ က​တော့မ​နေ့ကဆရာမသင်​လိုက်​တဲ့Short Story​မေးခွန်းရှည်​ကိုပြန်​ကျက်​နေ​သော​ကြောင့်​ပင်​...
ဒီ​ရေ့​ဘေးက အ​မောင်​လျှမ်းဆက်​တစ်​ယောက်​က​တော့ မနက်​ကျောင်းလာတည်းကအိပ်​ရေးမ၀ဘူးဆိုပြီးခုံ​ပေါ်မှာ​မှောက်​အိပ်​နေခြင်း​ကြောင့်​ငြိမ်​နေခြင်းဖြစ်​သည်​...
ထိုစဉ်​..

"ဟယ်​..Oppa King​လေး"

"​အေးဟယ်​..So Handsomeပဲ..လုံးဝကိုငါ့type​လေး"

"OMo..​ချောလိုက်တာ''

အခန်းထဲမှ မိန်းက​လေးများ၏တစ်​ယောက်​တစ်​ပေါက်​ထွက်​လာ​သောအသံများ....

ဒီ​ရေတစ်​ယောက်​စာကျက်​ရင်းနဂိုထက်​ပိုဆူတဲ့အသံ​တွေမိန်းက​လေးများဘက်​မှကြား၍ သူတို့ကြည့်​နေရာဘက်​ကိုလှည့်​ကြည့်​လိုက်​တော့
မြင်ဖူးသလိုလိုရှိသောသူတစ်ယောက်…

ထိုသူက ဒီ​ရေတို့အခန်းECနဲ့စကား​ပြော​နေ​လေသည်​...
အတန်းထဲမှမိန်းက​လေးများကလည်း ဂနာမငြိမ်​...ပါးစပ်​မှလည်း Oppa... Oppa..နှင့်​..

"သူတို့ကို ဟိုကရှိတယ်​လို့​တောင်​မထင်​ဘဲနဲ့.."
ဒီ​ရေစိတ်​ပေါက်​ပေါက်​နှင့်​ရေရွတ်​မိသည်​...

ထိုသူသည် Final year မှKing ဖြစ်သည်။
Final Kingမှာ ရုပ်​ရည်​ချော​မောကာ စာ​တော်​၍ ဆရာမတိုင်းကအားကိုးရ​သော တပည့်​လည်းဖြစ်​သည့်​အပြင်​ငွေ​ကြေးချမ်းသာ​သောအသိုင်းအ၀ိုင်းမှဖြစ်​သော​ကြောင့်​တက္ကသိုလ်​တွင်​ပျိုတိုင်းကြိုက်​တဲ့နှင်းဆီခိုင်​အကြီးကြီးပင်ဖြစ်လေသည်။

နက်​မှောင်​သောဆံ​ပင်​များကို​ဂျယ်​အကူအညီဖြင့်​နောက်​လှန်​ဖြီးထားပြီး မျက်​တောင်​ရှည်​လေးများကာရံထား​သောမျက်​၀န်းထဲမှမျက်​စံအညို​ရောင်​လေး ၊ ၆​ပေ​ကျော်​ကျော်​ရှိ​သောအရပ်​အ​မောင်း ၊ နို့နှစ်​ရောင်​အသားအရည်​နှင့်​တောင့်​တင်း​သောBody Structureတို့ကပြီးပြည့်​စုံ​သော​ယောက်ျား​လေးတစ်​ယောက်​၏ပုံစံလက္ခဏာမျိုးပင်​..

CAN I............(Completed!)Where stories live. Discover now