''လျှမ်းဆက် ပြန်ရောက်ပြီလား
ဆိုင်ကယ်လည်းယူမသွားတော့ ဒေါ်ကြီးကခုဘဲဦးညိုကိုသွားကြိုခိုင်းတော့မလို့''ဒေါ်ကြီးကပြောလည်းပြောရင်းလွယ်အိတ်ကိုလာကူသယ်ပေးသည်။
''ဒေါ်ကြီးကလည်းဗျာ ကျနော်ကလေးလေးမှမဟုတ်တော့တာ ငရဲကြီးမှာပေါ့''
ငယ်ငယ်တုန်းကလွယ်အိတ်ရောထမင်းချိုင့်ရောကိုင်ကာကျောင်းလိုက်ပို့ပေးတဲ့ကလေးပိစိလေးမဟုတ်တော့ကြောင်းမဏ္ဋပ်တိုင်တက်ပြရသေးသည်။လျှမ်းဆက်အိမ်ပြန်ရောက်ချိန်တိုင်းဒေါ်မာလာပိုးထည်ဆိုင်မှ
ပြန်မရောက်သေး......
လျှမ်းဆက်ငယ်ငယ်ထဲကလျှမ်းဆက်ကိုထိန်းပေးသူလည်းဖြစ်;ထမင်းဟင်းချက်ပြုတ်ပေးသူလည်းဖြစ်သည့်ဒေါ်ကြီးကထမင်းအဆင့်သင်ပြင်ထားပေးသော်လည်း စားချင်စိတ်မရှိ။
လိုချင်တာဒီလိုအဆီတွေအသားတွေနဲ့ဟင်းကောင်းတွေမဟုတ်ဘူး။
ပျော်ရွှင်စရာထမင်းဝိုင်းလေးတစ်ခုသာ......''လျှမ်းဆက် ထမင်းမစားတော့ဘူးလား ဒေါ်ကြီးပြင်ထားတယ်လေ ''
''မစားတော့ဘူး ဒေါ်ကြီး''
ဟုပြော၍သာအခန်းထဲဝင်လာခဲ့သည်။ဂစ်တာလေးကိုခုတင်ခြေရင်းဘက်နံရံတွင်ကပ်ကာထောင်ထားလိုက်သည်။
ထို့နောက်
အဝတ်အစားမလဲသေးဘဲ ခုတင်ပေါ်ခြေပစ်လက်ပစ် ပစ်လှဲလိုက်တော့သည်။တိတ်ဆိတ်ခြောက်ကပ်နေသောအခန်း
အိပ်ယာဘေးညမီးအိမ်မှ မှိန်ပြပြအလင်းတစ်ခု
လွယ်အိတ်ထဲမှစီးကရက်တိုတချို့ ခုတင်ခြေရင်းတွင်ပျံ့ကျဲကာ
အခန်းနံရံမှဂစ်တာလေးလည်းအသက်မဲ့လျက်....''ဟူး...............ပင်ပန်းလိုက်တာ''
မျက်စိကိုမှိတ်ကာရေရွတ်မိတော့
အလိုက်မသိစွာဗိုက်ထဲကအသံထွက်လာသည်။
ခုတင်ပေါ်မှထထိုင်ကာစိတ်မရှည်စွာ
ဆံပင်ကိုလက်ချောင်းများနှင့်ထိုးဖွလိုက်သည်။
ပြုတ်ကျနေသောစီးကရက်တိုတစ်လိပ်ကိုယူမီးညှိလိုက်သည်။ပြတင်းတံခါးမှကြယ်တွေကိုမော့ကြည့်ရင်း
မွန်းကြပ်လာသည်။
တစ်ယောက်ထဲရှိနေသော်လည်းအသက်ရှူ မဝဖြစ်လာသည်။
နီးလျက်နဲ့ဝေးနေတာမျိုး.....................
လက်ထဲမှစီးကရက်တိုအားပြာခြွေခွက်ထဲသို့မီးငြိမ်းသည်အထိဖိချေလိုက်ရင်းတဖန်အိပ်ရာထပ်သို့......
လျှမ်းဆက်တစ်ယောက်နာရီကိုကြည့်တော့ ည ၇ နာရီခွဲနေပြီ..စားပွဲခုံပေါ်တွင်တင်ထားသောphကိုယူ၍ ဒီရေ ကိုဖုန်းခေါ်လိုက်သည်။
ဒီရေ့၏ helloထူးသံကိုမစောင့်တော့ဘဲ..
YOU ARE READING
CAN I............(Completed!)
Randomဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕