Ending.

4.9K 105 2
                                    

"​ရော့ ဒီ​ရေ ​ရော့ ဟို​ကောင်​ "

"What's that "

နှစ်​​ယောက်​လုံးပြိုင်​တူ...
ထို့​နောက်

"Wowww.....မြန်​လိုက်​တာ..."

ဒီ​ရေကလည်း..

"ဘာများလဲလို့ ဆိုင်​ကိုတကူးတကချိန်းပြီး ဖိတ်​စာ​ပေးတာလား .....
မင်း​ရော အဆင်​​ပြေရဲ့လား "

"အင်း ​ပြေတယ်​ပဲဆိုရမယ်​ ငါ့မှာ​နောင်​တရစရာလည်း...."

လျှမ်းဆက်​ ခဏ​မျှ​တွေ​ဝေ​နေပြီး

"မရှိပါဘူး..ကဲ နှစ်​​ကောင်​လုံးလာစား​​ချေ လက်​ဖွဲ့က​တော့ယူလာမ​နေနဲ့ သတို့သားအရံ​တွေဘာ​တွေလည်းမ​ခေါ်​တော့ဘူး မင်းတို့လည်းအဆင်​​ပြေမှာမဟုတ်​ဘူး​လေ "

"အွန်းလာခဲ့ပါ့မယ်​ "

"အဲ့ဒါဆို ငါပြန်​မယ်​ ဒီ​ရေ ...."

"​အေး​အေး ​သေချာဂရုစိုက်​ပြန်​​ဦး"

ဒီ​ရေနှင့်​Rhyme လည်း ခဏ​နေပြီး
အိမ်​ပြန်​ကြ​သည်​။

Rhyme ဖိတ်​စာကို ​ဧည့်​ခန်းစားပွဲ​ပေါ်တွင်​တင်​ခဲ့ကာ ​ခြေလက်​​ဆေးပြီးအိပ်​ယာဝင်​သည်​။
မနက်​လင်း​သော်

" သား​ရေ ​​ဒီမှာ ကိုစိုင်း​ရောက်​​နေတယ်​ လာထိုင်​ဦး"

"ဟာ ကိုစိုင်း.. ဘယ်​တုန်းက​ရောက်​လဲ"

Rhyme ဧည့်ခန်း​​တွင်​​ထိုင်​​နေ​သောစိုင်းအား တအံ့တသြနှုတ်​ဆက်​သည်​။

"လာ ထိုင်​ ငါ့ညီ မင်းအကိုအ​ကြောင်းသိရလို့လာ​ပြောတာ "

"ကို​နေကြီး အ​ကြောင်းသိရပြီလား သူဘယ်​မှာလဲဟင်​"

စိုးရိမ်​ကြီးစွာ​မေးလာ​သော Rhyme
ဒေါ်နန်းသီလည်းမျက်​နှာ​မ​ကောင်း ....

"သူ ဘယ်​မှာရှိ​နေတယ်​ဆိုတာ မသိရဘူး
သူ​နေ​ကောင်းတယ်​ အဆင်​​ပြေ​ပြေရှိ​နေတယ်​တဲ့
Uncle ​လေးစီကိုဆက်​သွယ်​တယ်​တဲ့ ..."

"သူ့ဖုန်းနံပါတ်​​ရော ....."

စိုင်းသက်​ပြင်းချကာ​ခေါင်းကိုတွင်​တွင်​ခါရင်း....

CAN I............(Completed!)Where stories live. Discover now