part 12 (Unicode)

1.8K 115 2
                                    

''လျှမ်းဆက်အစုတ်ပလုတ် မင်းလာခဲ့စမ်း''
အတန်းထဲဝင်လာလာချင်း
ဒီရေ့အသံ စူးခနဲ...

''တိုးတိုးလုပ်ပါကွာ မင်းမခေါ်လည်း ငါလာမှာပါ''

''စပ်ဖြဲဖြဲလုပ်မနေနဲ့ ပြောမနေ့က ကိစ္စ''

''ဘယ်ကိစ္စလဲ ''
လျှမ်းဆက် စပ်ဖြီးဖြီးလုပ်ကောင်းဆဲ
ဟိုက ရေနွေးအိုးလိုပွက်ပွက်ဆူနေတာ မသိလေသလား လျှမ်းဆက်ခ ရေ

''ငါမနေ့ထဲက မေးမလို့ အိပ်ပျော်သွားလို့ ခုပြောကွာ
မင်းနေ့ချင်းညချင်းရည်းစားရသွားတဲ့အကြောင်း''

''awww ဒါလား ဒါကလွယ်ပါတယ်''

''ဘာလွယ်တာလဲ လျှမ်းဆက်ခ ငါစိတ်မရှည်ဘူးနော်''

''ဒီလို &*%*%&*%&..."
လျှမ်းဆက်ဖြစ်မျှကို ဒီရေ့အားပြောပြတော့မှ

''အန် အဲ့လိုလဲရလား မင်းဟာလွယ်လှချည်လား
သူကမာနကြီးမဲ့ပုံကြီးကွ''

''အင်းး ငါလဲ မထင်ဘူးအစက နောက်မှ တကယ်ကြီးသူဖြစ်နေတာ ''

''အဲ့ဒါကြောင့် ငါ့ကိုတောင်ပစ်ထားထားတာ အစုတ်ပလုတ်ကောင်''

''မဟုတ်ပါဘူး အစပိုင်းဘဲ မင်းငါ့အကြောင်းသိသားနဲ့
ဆယ်တန်းတုံးကလို ခိုးတွဲရတာမှမဟုတ်တာ ခုမှလွတ်လွတ်လပ်လပ်တွဲရတာ
ခဏလောက်တော့ ရည်းစားရှိခြင်းအရသာခံစားလိုက်ဦးမယ် စိတ်ချပါ ငါနိုင်မှာပါ''

ဒီရေစိတ်ဆိုးပြေသွားပြီး လျှမ်းဆက်နှင့်ခေါင်းချင်းဆိုင်ကာအတင်းပြောနေကြသည်။

''ကို နေ့လည်ကျရင် အပြင်မှာထမင်းသွားစားရအောင်''
လျှမ်းဆက်ထိုင်နေရာ ယောက်ျားလေးroleသို
့အကြောက်အလန့်မရှိလာရဲသည့် လူဆိုးမကြီးအသံ
ဒီရေအတွက်တော့ သူကလူဆိုးမကြီးဘဲ
ရုပ်ကြီးကိုကလူကို ကြည့်တာ အစွယ်မထွက်နေလို့ မဟုတ်ရင် ကြောက်စရာကြီး......

ဒီရေ စိတ်ထဲမှတွေးရင်းရယ်နေတော့သည်။
လျှမ်းဆက်ခေါင်းကိုကုတ်ရင်း

''ကန်တင်းမှာစားမယ်လေ ရှင်း''

''ဟင့်အင်း......... ရှင်း ဒီမှာမစားချင်ဘူး
ဘုရားလမ်းထဲမှာသွားစားမယ်......''
လျှမ်းဆက်လက်မောင်းကိုဆွဲခါလျက် ချွဲနွှဲ့စွာပြောနေသော ဖြူစင်ရှင်းသန့်
လျှမ်းဆက် သက်ပြင်းကိုချကာ....

CAN I............(Completed!)Where stories live. Discover now