စိုးရိမ်မှု(Unicode)

1.6K 89 0
                                    

မ​နေ့က​နေ​သွေးအိမ်ပြန်ရောက်ရောက်ချင်း ဖုန်းmissed call ပေါင်းများစွာကြောင့် စိုင်းကိုဖုန်းပြန်ဆက်ရသည်။

''အေး စိုင်းကောင် What's up?''

''WTFပဲ..​ဟျောင့်​..မင်းခုမှWhat's up လုပ်နေ ညနေက ငါတို့မေဂျာနဲ့ ဘူမိနဲ့ သောက်ပြဿ နာတက်ကြတယ်တဲ့''

''ဘာ......... ''

''အေး ဘာ နေ ခုမှ ဘာ နေ အကြီးအကျယ်ဘဲတဲ့ ဆွဲတာမြန်လို့တဲ့ မဟုတ်ရင် သေလို့ရတယ်တဲ့ကွာ''

''ဘယ်သူတဲ့လဲ''
မသိစိတ်က ထိပ်ဆုံးကစိတ်ပူပြီးသွားပြီ
မဟုတ်လောက်ပါဘူး

''ဘယ်သူတွေဆိုတာတော့သေချာမသိရသေးဘူး
နက်ဖြန် တီချယ်ကြီးခေါ်မယ်ထင်တယ် မင်းကleaderဆိုတော့ ''

''ငါတို့ဘက်ကခံလိုက်ရတာလား''

''ဘယ်ကလာ ငါတို့ဘက်ကကောင်စ ထိုးတာတဲ့''
စိုင်းကတက်ကြွစွာပြောနေသည်။
စိုင်းကိုယ်တိုင်လည်း ဘူမိ ဘက်ကိုကြည့်လို့မရ...
( A/N just plot ပါနော်)

''အေး ငါလည်း ခုမှပြီးလို့ပြန်လာတာ နည်းပြခိုင်းထားတာ''

''အေး အဲ့ဒါဆို နားတော့ ထမင်းရောစားပြီးပြီလား''

''ငါမစားတော့ဘူးကွာ မလှုပ်ချင်တော့ဘူး''
နေသွေးခန့် အသံကအားပင်မရှိတော့...

'' အဲ့လိုလုပ်မနေနဲ့ နက်ဖြန်ပြိုင်ရဦးမယ်
ထမင်းစားပြီး ဆေးလေးဘာလေးသောက်အိပ်
မင်းမချက်ချင်တော့ရင် ငါလာပို့ပေးရမလား''
အပြင်ထွက်ချင်သော စိုင်းကောင် လမ်းရှာနေတာသိသား...

''ရပါတယ်ကွာ ငါ မနက်ထဲကပြုတ်ကြော်လုပ်ထားတဲ့ကြက်သားရှိတယ် ပြန်ပြုတ်ပြီးခေါက်ဆွဲလေးနဲ့စားလိုက်မယ် ချက်နိုင်ပါသေးတယ်ကွ''
နေသွေးခန့် တစ်ယောက်ထဲနေသူမို့ဟင်းချက်ခြင်းကိုစာအုပ်ဖတ်ကာသင်ယူခဲ့သည်။
ကိုယ်တိုင်ကလည်းဝါသနာပါသောကြောင့်
အခုဆို သေသေချာချာချက်တတ်နေပြီဖြစ်သည်။

''အေး ပြီးတာဘဲ ငါ့ချစ်ချစ်ကိုဖုန်းဆက်တော့မယ် ဒါဘဲ
FA ကောင်''

''FAကောင်ဖြစ်တော့ဘာဖြစ်လဲ
အနဲဆုံးတော့ မင်းလိုဖုန်းbill မကုန်ဘူးပေါ့ကွာ''
နေသွေးခန့် စိုင်းစကားအားချေပရင်းတစုံတစ်ယောက်ကိုသတိရမိသွားကာ သက်ပြင်းတစ်ခုကိုချရင်း......

CAN I............(Completed!)Where stories live. Discover now