part 7(Unicode)

2.3K 125 1
                                    

''ခင်ဗျားကြောင့်...''

''ငါ့ကြောင့်တဲ့လား ဘာမှလည်းမဆိုင်တာကွာ
သူ့ဘာသူ Gameဆော့နေတာလေ
ငါစာကျက်ဖို့ပြောသားဘဲ
ဟုတ်တယ် ငါ့ကြောင့်မဟုတ်ဘူး
ဘာလို့ငါ့ကြောင့်ဖြစ်ရမှာလဲ''
ဒီရေ စိတ်ထဲမှရေရွတ်ရင်း

''ဟုတ်တယ်''
ရောင်ရမ်းကာဒီရေထအော်လိုက်သည်။

အတန်းထဲတွင် paper 1သင်နေခြင်းဖြစ်ပြီး
တစ်ယောက်ချင်းစီဘာသာထပြန်နေခြင်းဖြစ်သည်။
တိတ်ဆိတ်နေသောတတန်းလုံးတွင် ဒီရေအသံကြီးပြဲထွက်လာသည်။
ဘေးမှအိပ်ငိုက်နေသော လျှမ်းဆက်ပင်လန့်သွားသည်။

ဒီရေသည်နောက်ဆုံးတန်းတွင်ဖြစ်သောကြောင့်
အကုန်လုံးကလှည့်ကြည့်လာသည်။
အရမ်းကြောက်ရသော paper 1ဆရာမ၏အကြည့်ပါဒီရေ့စီသို့......

ဒီရေ ဘာလုပ်ရမှန်းမသိခင်မှာပင်

''ဟဲ့ သေးသေးလေး ထစမ်း......''

ဆရာမခေါ်လိုက်သောအခေါ်အဝေါ်ကြောင့်
တစ်တန်းလုံးခွီးးးးခနဲ
ဘေးနာကကောင်ဆို ပြောမနေနဲ့တော့…
အမြင်ကပ်စရာ......
လျှမ်းဆက်ကိုမျက်စောင်းတစ်ချက်မျှထိုးလိုက်ပြီး
ဒီရေ မတ်တပ်ရပ်လိုက်သည်။

''ကဲပြော ဘာသာပြန်နေတာဘယ်ထိရောက်ပြီလဲ''

သေပြီ ဒီရေ အတွေးလွန်နေကာစာဘယ်ရောက်သွားမှန်းမသိ
လျှမ်းဆက်ကိုမေးဖို့ဆိုတာကလည်း
သင်နေတုန်း အတန်းရှေ့ကဖြတ်သွားတဲ့တစ်ယောက်ယောက်ကိုမေးရင်တောင်သိနိုင်ဦးမည်။
လျှမ်းဆက်ဆိုသည့်အကောင်ကအတန်းထဲထိုင်ပြီးတစ်လုံးမှမသိ......

''မေးနေတယ်လေ ......''

''ဟို .........''
ရှေ့တန်းကထက်ပိုင်ပြနေသော်လည်း
ဒီမျက်လုံးကအဝေးမှုန်ပြီး အနီးကမမြင်ရဘူးလေ

''မသိဘူး တီချယ်''

''စာသင်နေတာကိုလိုက်ကြည့်မနေဘူး
တော်ပြီထိုင်တော့''

ဟူး......တော်ပါသေးရဲ့
ဒီရေသက်ပြင်းချကာ
ခပ်တိုးတိုးပြောမိသည်။

ဆရာမရစ်လျှင်မလွယ်
မတ်တပ်လည်းအကြာကြီးမရပ်ခိုင်းတာပိုကျေးဇူးတင်စရာကြီး
တီချယ်က ငါ့ကိုမြင်မြင်ချင်းချစ်သွားလို့ဖြစ်မယ်
ငါကလည်းချစ်စရာကောင်းနေတာကို

CAN I............(Completed!)Where stories live. Discover now