နေသွေးခန့် CAFEဆိုင်လေးသို့ရောက်နေသည်။
စိုင်းကိုအိမ်ပြန်မည်ဟုပြောသော်လည်း
ဒီကိုလာရန်တစုံတခုကဆွဲဆောင်နိုင်လွန်းသည်။
ဆိုင်အပြင်အဆင်ကြောင့်ဟူ၍သာနေသွေးခန့်ထင်သည်။
တစ်နာရီလောက်ထိုင်ပြီးပြန်ရန်ပိုက်ဆံရှင်းသည်။''bro ဒီနေ့သီချင်းဆိုသံမကြားပါလား''
''ဟုတ်တယ် အကိုရေ အဲ့အကိုလေးကမလာဘူး''
''awww ''
''နောက်လဲလာအားပေးပါဦး အကို''
နေသွေးခန့်စားပွဲထိုးကောင်လေးကိုပြုံးပြကာ
အပြင်ထွက်လာခဲ့သည်။
ပြီးမှ ညနေကထော့နဲထော့နဲ့နှင့် ပြန်သွားသောစွာကျယ်လေးကိုမျက်လုံးထဲမြင်လာသည်။သူပင်ပန်းနေပြီဘဲ အာ့ကြောင့်မလာတာနေမှာ။
ဟာာကွာာာနေသွေးခန့် ကိုယ့်ခေါင်းကိုယ်ခပ်ဖွဖွထုကာ ဆိုင်ကယ်ဦးထုပ်ကိုဆောင်းရင်း နားမလည်ခြင်းတချို့နှင့်အတူအိမ်ပြန်လာခဲ့သည်။
***********
နေသွေးခန့် ညနေတိုင်း ဆိုင်သွားသည့်အလုပ်တစ်ခုတိုးလာချေပြီ။သို့သော်
တိတ်ဆိတ်သောနေရာတခုရှာတွေ့ခဲ့ရပါသော်လည်း
တိတ်ဆိတ်ခြင်းကမပြည့်စုံ...ဟေမာနေဝင်းဆိုထားသည့် မာလာဆောင် သီချင်းထဲကလို စောင့်မျှော်နေမိသည်မှာအမှန်။
သီချင်းသည် ကိုစောင့်နေမိသည်လား
သီချင်းသံကိုလွမ်းနေမိသည်လားတော့
နေသွေးခန့်ကိုယ်တိုင်မသိပါ။ကိုယ့်ကိုယ်ကိုလဲရယ်မိပြန်တယ်။
ဘယ်လောက်ပင်ပန်းနေပါစေ သည်ဆိုင်လေးကိုတော့လာဖြစ်အောင်လာမိသည်။**************
ဆရာမယူခိုင်းသောစာအုပ်တွေသယ်ရင် အပေါ်ထပ်သို့တက်လာစဉ်"ညီ..Trainingသွားတော့မလို့လား..ခြေထောက်သက်သာရဲ့လား''
အာာ နေသွေးခန့် ဘာတွေစိတ်ပူနေတာလဲ
ပါးစပ်ကတော့မေးပြီးချေပြီ။"ဟုတ်..ခြေထောက်ကသက်သာနေပါပြီ..အဆင်ပြေပါတယ်."
"omm ommm...ကိုယ်တို့ကဒီဒုတိယအချိန်presentationရှိလို့ နောက်အချိန်မှလာလို့ရမှာ...အားကစားရုံမှာနည်းပြတော့ရှိတယ်။"
စွာကျယ်လေးခေါင်းငြိမ့်ပြကာထွက်သွားသည်။
စွာကျယ်လေးတို့ထုံးစံအတိုင်းချေ ပြန်တယ်
ကူသယ်ပေးရမလားမမေး
ထွက်သွားလိုက်တာ လှည့်ပင်မကြည့်
အော် ငါ့နှယ်လေ့ကျင့်ပေးနေစဉ် ပွဲကြည့်စဉ်တွင်ကောင်လေးတစ်ယောက်
ထိုင်လျှက် စွာကျယ်လေးကိုကြည့်နေသည်။
ဟောာ စွာကျယ်လေးက လေ့ကျင့်နေရင်းက လက်ပြနေတယ်။
သူငယ်ချင်းဖြစ်မယ်။
နေသွေးခန့် ဒီရေဘေးသို့သွားထိုင်လိုက်ပြီး
နှုတ်ဆက်ရန်ပြင်လိုက်သည်။
နေသွေးခန့်မြင်ဖူးနေသူမို့ ခန့်မှန်းကာ
မေးသမျှကမှန်နေသည်။
တော်သေးတာပေါ့ အရှက်မကွဲလို့...
ဘာရယ်မဟုတ် စွာကျယ်လေး၏ပတ်ဝန်းကျင်ကိုလေ့လာချင်မိသည်။
စွာကျယ်လေးရဲ့အလုပ် ခု သူငယ်ချင်း နောက်ဘာများရှိဦးမလဲ
နေသွေးခန့် တကိုယ်ရည်အတွေးတို့ကရှည်လျားစွာ....~~~~~~~~~~~~~~~~~
တက်သစ်စဖြစ်တာကြောင့် အသစ်နှစ်ယောက်အရံခုံတွင်သာထိုင်ရသည်။
လျှမ်းဆက်အပါအဝင်ဖြစ်သည်။
အနားကပ်လျှင်ကျယ်လာတတ်သောရင်ခုန်သံကိုမကြားစေလို...
နေသွေးခန့်ကိုယ်တိုင်ပင်အနားရောက်သင်နှင့်အလွဲလွဲအမှားမှားဖြစ်ကုန်သည်။
ပြိုင်ပွဲကိုစိတ်နှစ်ပြီးသာ ကစားနေရသည်။
မျက်လုံးကထိုင်နေသောကောင်လေးစီသို့ရောက်ရောက်သွားတတ်သေးတာ...မင်းနဲ့တွေ့မှ ငါ့ကိုယ်ငါတောင်မပိုင်တော့ပါလားကွာ...
''လူလဲမယ် ကျောနံပါတ် ၂၀ နဲ့''
ဟူသောအသံကြောင့် နေသွေးခန့် ဆံပင်တွေပါထောင်သွားသလိုကြက်သီးများပင်ထလာသည်။
စွာကျယ်လေးဝင်ကစားထဲက နေသွေးခန့်
အလွဲပေါင်းသောင်းခြောက်ထောင်ဖြစ်လာချေပြီ။
သို့သော် ပွဲကိုအသင်းသားများ၏စည်းလုံးမှုကြောင့်အကောင်းဆုံးထိန်းထားနိုင်သေးသည်။
စွာကျယ်လေးအားဘောလုံးလှန်းအပေး...ဘုန်း......
တဖက်အသင်းသားက သူတို့နှစ်ယောက်ကြား
ခြေထောက်ခေါက်ကာပစ်လဲသည်။တကယ်ဆိုလျှင် နှစ်ယောက်စလုံးနှင့်မထိ...
သို့သော် Penaltyပေးလိုက်သည်။အချိန်ပြည့်ခါနီးတွင်ပေးလိုက်ရသောကြောင့် အမှတ်အနည်းငယ်နှင့် ရှုံးသွားရသည်။
အသင်းသားများအား အားပေးစကားပြောနေစဉ်''နေကြီးရေ နည်းပြခေါ်နေတယ်ဟေ့ သူ့အဆောင်ကိုလာခဲ့ပါတဲ့''
စိုင်း လာခေါ်တာကြောင့် အိမ်ပြန်ပြီးသေချာနားရန်အကုန်လုံးကိုသေချာမှာသည်။
နက်ဖြန် တတိယနေရာအတွက်ပြိုင်ပွဲရှိသေးသည်။
အားပြတ်သွားလို့မဖြစ်။*******************
ŞİMDİ OKUDUĞUN
CAN I............(Completed!)
Rastgeleဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕