part 11(Unicode)

2K 127 0
                                    

'' ရပြီ ကိုနေကြီး ဒီလောက်ဘဲ ''
နေသွေးခန့် လျှမ်းဆက်ပြဿ      နာဖြေရှင်းပေးပြီး
ဒီရေအားလမ်းကြုံလိုက်ပို့ခြင်းဖြစ်သည်။

''ဟမ် ရပြီလား ''

''အွန်း ရပြီ အထဲတော့ကျနော်လမ်းလျှောက်သွားလိုက်တော့မယ်''
ဒီရေလမ်းထိပ်တွင်သာဆိုင်ကယ်ရပ်စေပြီး
ဆိုင်ကယ်ပေါ်မှဆင်းကာ ဦးထုပ်ကိုပေးရင်း

''ကျေးဇူးတင်ပါတယ်ခင်ဗျာ Heeez''

''လူလည်လေး လာချွဲနေတယ်
အဲ့ဒါဆိုလည်းအကိုသွားပြီနော် ''
နေသွေးခန့်ပြုံးကာနှုတ်ဆက်လာသည်။

''ဟုတ်...''

ဒီရေလည်း လမ်းလျှောက်ရင်း Rhyme ရှိရာစီသို့...

''ကဲ Long time no see''

Rhyme အိမ်သို့ရောက်ပြီး Rhymeကိုမြင်မြင်ချင်းဒီရေနှုတ်ဆက်ခြင်းပင်...

Rhyme ဒီရေကိုတခဏမျှမော့ကြည့်သည်။
ထို့နောက်စာကြည့်စားပွဲသို့သာ ပြန်ကြည့်သည်။

''အလဲ့ ငတိ မင်းစာကျက်နေပါလား okokကျက်ပါကျက်ပါ ငါထိုင်နေပေးမယ်
မင်းရရင်လာဆိုနော် မသိတာရှိရင်မေး''

နေကောင်းသွားပြီးတည်းက Rhyme ပုံမှန်စာပြန်လုပ်နေသည်မှာ တစ်​ပတ်လောက်ပင်ရှိလေပြီ။
ဒီရေကိုတော့ထွေထွေထူးထူး ဂရုမစိုက်။
စကားလဲသိပ်မပြော။ဒီရေဆွဲပေးသောအချိန်ဇယားကို ကန့်လန့်လုပ်သည်။ မြန်မာစာအချိန်ဆိုအင်္ဂလိပ်စာကြည့်သည်။စာကျက်ပါဆိုသင်္ချာတွက်သည်။ ဒီရေလည်းစာလုပ်လျှင်ပြီးရော ဆိုပြီးလွှတ်ထားပေးသည်။အချိန်ဇယားကိုဖြုတ်မည်ဆိုတော့လည်းအဖြုတ်မခံ။
အလှကပ်ထားမည်တဲ့။
ဒီရေလည်းဖတ်နေကျစာအုပ်သာ
ထိုင်ဖတ်နေပေးသည်။

အန်တီနန်းလဲ စိတ်ချမ်းသာနေရသည်။
ထုံးစံအတိုင်းဒီရေကြိုက်တတ်သောအစားအစာတွေပြင်ပေးထားမြဲ...
စာဖတ်လိုက် မုန့်စားလိုက်နှင့် အဆင်ပြေနေသည်မှာ
ဒီရေလေးပင်...

''ဟို ဟို''

Rhyme တခုခုစိတ်ရှုပ်ထွေးနေရဟန် ဖြင့် ဒီရေ့ဘက်လှည့်ကာ စကားစ သည်။
ဒီရေလည်း ဖတ်လက်စ စာမျက်နှာကို ဖဲကြိုး​လေးဖြင့်ညှပ်ကာမှတ်သားပြီး
စာအုပ်ကိုပိတ်ကာ...

CAN I............(Completed!)Tahanan ng mga kuwento. Tumuklas ngayon