PART-13

1.6K 72 1
                                    

"​ဟေ့..ဟို​ရှေ့က ဂျရှည်​​ကောင်​.."

ဒီ​ရေ သူ့​ရှေ့မှ ဆိုင်​ကယ်​​သော့​လေးကိုလက်​ညှိုးကလှည့်​ပတ်​​ဆော့ကစားကာ Guitarကြီးလွယ်​လျက်​​မြောက်​ကြွ​မြောက်​ကြွနှင့်​လမ်း​လျှောက်​သွား​သော လျှမ်းဆက်​ အား ​​နောက်​မှလှမ်း​ခေါ်ကာအမှီ​ပြေးလိုက်​ရသည်​..
သို့​သော်​ ဒီ​လောက်​​အော်​​ခေါ်​နေတာ​တောင်​ ဟိုဂျရှည်​​ကောင်​လှည့်​ပင်​မကြည့်​...

လျှမ်းဆက်​မှာအရပ်​ရှည်​​သော​ကြောင့်​ပုံမှန်​​လျှောက်​​သော လျှမ်းဆက်​​ခြေလှမ်းများကို  ပုလုံး​လေးဒီ​ရေ​ပြေးလိုက်​မှသာမီသည်​..

"​ဟျောင့်​..ဂျရှည်​​ကောင်​ လျှမ်းစုတ်​..ငါဒီ​လောက်​လိပ်​​ခေါင်းထွက်​မတတ်​​အော်​​ခေါ်​နေတာမကြားဘူးလား...နားများ​လေးသွားပြီလား"

ဒီ​ရေ သူ​အော်​​ခေါ်​နေတာ​တောင်​လှည့်​မကြည့်​ဘဲဆက်​သွား​နေ​သောလျှမ်းဆက်​အား မျက်​​စောင်းထိုးကာ ဘု​တော​တောလိုက်​သည်​...

"မင်း​ခေါ်​နေတာ ဂျရှည်​​ကောင်​ ကို​လေ.ဂျရှည်​​ကောင်​ဆိုတာ.ငါ့နာမည်​မှဟုတ်​တာ..ငါ့နာမည်​က လျှမ်းဆက်​ခ..."
လျှမ်းဆက်​ကလည်း အထိမခံပြန်​​ချေပသည်​...

"ဟုတ်​ကဲ့ပါ...​မောင်​မင်းကြီးသားလျှမ်းဆက်​ခရယ်​..ထူးထူးဆန်းဆန်းဒီ​နေ့​ကျောင်းအ​စောကြီး​ရောက်​​နေပါလား"
ဒီ​ရေ​ပြော​တော့ လျှမ်းဆက်​ခပ်​ဟဟရယ်​ကာ..

"ဘာလဲ..ငါက​ကျောင်း​စော​စောမလာရ​တော့ဘူးလား"

"မဟုတ်​ပါဘူးကွာ..ခါတိုင်း၉နာရီ​ကျော်​မှ ​ကျောင်း​ရောက်​တဲ့​ကောင်​က ခု၈နာရီ​တောင်​မခွဲ​သေးဘူး အ​စောကြီး​ရောက်​​နေလို့..​ရော့..မင်းထမင်းချိုင့်​.."
ဒီ​ရေ​ပြောလည်း​ပြော..လက်​မှဆွဲလာ​သော ထမင်းချိုင့်​ကိုလည်း လျှမ်းဆက်​ လက်​ထဲ​ပေးလိုက်​သည်​..

"​ပြောစမ်းပါဦး..မ​နေ့ကဟိုစုန်းမ..အဲ့..ဟို မင်းရဲ့ ဖြူစင်​ရှင်းသန့်​နဲ့ဘယ်​​တွေသွား​နေလို့ ​ကျောင်း​တောင်​ပြန်​မလာနိုင်​ရတာလဲ.."
ဒီ​ရေ မဲ့ရွဲ့ကာ​မေးလိုက်တော့…

CAN I............(Completed!)Where stories live. Discover now