PART-10

1.9K 78 8
                                    

၉နာရီထိုးခါနီး၍ အတန်းထဲတွင်​လူစုံ​နေပြီဖြစ်​​သော်​လည်းဆရာမ မ၀င်​​သေး​သော​ကြောင့်​ GAME​ဆော့သူက​ဆော့ ၊ K-Popအ​ကြောင်း​ပြောသူက​ပြော ၊ Cosmetic​တွေအ​ကြောင်း​ပြောသူက​ပြောနှင့်​ ကိုယ်​စီအလုပ်​ရှုပ်​ကာ တစ်​​ယောက်​တစ်​​ပေါက်​နှင့်​ဆူညံ​နေ​လေသည်​။

ထိုအထဲအများနှင့်​မတူ .စကားလည်းမ​ပြော ၊ gameလည်းမ​ဆော့နှင့်​ ငြိမ်​​နေ​သော၂​ယောက်​က​တော့ ဒီ​ရေလှိုင်း နှင့်​ လျှမ်းဆက်​ခ...

ဒီ​ရေ က​ ​တော့မ​နေ့ကဆရာမသင်​လိုက်​တဲ့Short Story​မေးခွန်းရှည်​ကိုပြန်​ကျက်​​နေ​သော​ကြောင့်​ပင်​...
ဒီ​ရေ့​ဘေးက အ​မောင်​လျှမ်းဆက်​ တစ်​​ယောက်​က​တော့ မနက်​​ကျောင်းလာတည်းကအိပ်​​ရေးမ၀ဘူးဆိုပြီးခုံ​ပေါ်မှာ​မှောက်​အိပ်​​နေခြင်း​ကြောင့်​ငြိမ်​​နေခြင်းဖြစ်​သည်​...
ထိုစဉ်​..

"ဟယ်​..Oppa King​လေး"

"​အေးဟယ်​..So Handsomeပဲ..လုံးဝကိုငါ့type​လေး"

"OMo..​ချောလိုက်တာ''

အခန်းထဲမှ မိန်းက​လေးများ၏တစ်​​ယောက်​တစ်​​ပေါက်​ထွက်​လာ​သောအသံများ....

ဒီ​ရေတစ်​​ယောက်​စာကျက်​ရင်းနဂိုထက်​ပိုဆူတဲ့အသံ​တွေမိန်းက​လေးများဘက်​မှကြား၍ သူတို့ကြည့်​​နေရာဘက်​ကိုလှည့်​ကြည့်​လိုက်​​တော့
မြင်ဖူးသလိုလိုရှိသောသူတစ်ယောက်…

ထိုသူက ဒီ​ရေတို့အခန်းECနဲ့စကား​ပြော​နေ​လေသည်​...
အတန်းထဲမှမိန်းက​လေးများကလည်း ဂနာမငြိမ်​...ပါးစပ်​မှလည်း Oppa... Oppa..နှင့်​..

"သူတို့ကို ဟိုကရှိတယ်​လို့​တောင်​မထင်​ဘဲနဲ့.."
ဒီ​ရေစိတ်​​ပေါက်​​ပေါက်​နှင့်​​​ရေရွတ်​မိသည်​...

ထိုသူသည် Final year မှKing ဖြစ်သည်။
Final Kingမှာ ရုပ်​ရည်​​ချော​မောကာ စာ​တော်​၍ ဆရာမတိုင်းကအားကိုးရ​သော တပည့်​လည်းဖြစ်​သည့်​အပြင်​ ​ငွေ​ကြေးချမ်းသာ​သောအသိုင်းအ၀ိုင်းမှဖြစ်​​သော​ကြောင့်​ တက္ကသိုလ်​တွင်​ ပျိုတိုင်းကြိုက်​တဲ့နှင်းဆီခိုင်​အကြီးကြီးပင်ဖြစ်လေသည်။

CAN I............(Completed!)Where stories live. Discover now