Ep - 1

89.7K 3.4K 65
                                    

Unicode

'' ဒီမှာ ဟေ့ကောင်။ မသေမချင်း မှတ်သွား။
ငါ့ရှေ့မှာ လာမကျူးနဲ့။ ကျူးရင်တော့ ရင့်မှာပဲ ''

ပါးစောင်ထဲက ပီကေကို ထွေးထုတ်၊ လက်ထဲ ကိုင်ထားသော သစ်သားချောင်းကို အနီးရှိ ချုံပုတ်ကြား လှမ်းပစ်ရင်း ဖိအော်နေသည့် သူ။

မြေပြင်မှာ အလဲလဲအပြိုပြို ဖြစ်နေသော ငမိုက်သား နှစ်ကောင်ကို တစ်ချက်မှ ပြန်လှည့်မကြည့်။ ဦးတည်ထားသည့် လမ်းကိုသာ ရှေ့ဆက်လျှောက်၏။

အပေါ်ထပ်ရှပ်အင်္ကျီအကွက် လက်ရှည်ကို ချွတ်ပစ်လိုက်ရင်း ခါးမှာစီးလိုက်ကာ ဆံပင်ဘုတ်သိုက်ကို တစ်ချက်ဆွဲဖွပစ်လိုက်သည့်ပုံက မိုက်တိမိုက်ကန်းဆိုပေမယ့် အရိုင်းဆန်ဟန်တို့အား ရှာမတွေ့ရ။ ဆွဲဆောင်မှုကသာ ငေးချင်ဖွယ်ရာ ဖြစ်နေသည်။

လမ်းတစ်လျှောက် တွေ့သမျှလူက သူ့ကိုသာ အရင် မေးထူးခေါ်ပြော လုပ်ကာ နှုတ်ဆက်သော်လည်း သူ့ဘက်က စတင် နှုတ်ဆက်သည့်သူဟူ၍ ခုချိန်ထိ မတွေ့ရသေးပေ။ တစ်ဖက်က နှုတ်ဆက်လာသူတို့၏ ပြုံးရယ်ဖော်ရွေမှုမပျက်သည့် အမူအရာတို့က ဒီလူကို ချေမိုးနေသည်ဟုလည်း ထင်မှတ်၍ မရပြန်။ သူ့ပင်ကိုယ်စရိုက်ကိုကသာ ထိုကဲ့သို့ သဘောရှိနေပုံပင်။

သူ့နောက်မှ ခပ်လှမ်းလှမ်းအနေအထားကပင် ထပ်ကြပ်မခွာ လိုက်နေမိသည်က ဘဝမှာ ပထမဆုံးအကြိမ်ဆိုလည်း မမှားယွင်းနေ။ ယောကျ်ားတစ်ယောက်၏ ခြေလှမ်းတို့အား စိတ်ဝင်တစား လိုက်မှတ်ရမည့် နေ့ရက်မျိုး ရှိလာလိမ့်မည်ဟု တစ်ကြိမ်တစ်ခါတောင် သူမ မတွေးဖူးခဲ့။

အတွေးများ မဆိုင်းလင့်ခင် ရုတ်တရက် တုံ့သွားသော ခြေတစ်စုံ။ ရင်ခုန်သံသည် တဒိန်းဒိန်း ဆောင့်တက်လာတော့သည်။ သို့ပေမဲ့ ဆယ်ကျော်သက် အပျိုဖြန်းလေးအရွယ် မဟုတ်တော့။

သူမ နောက်ကလိုက်လာတာ သတိပြုမိသွားပုံပင်။ ဝုန်းဒိုင်းကြဲနေသော ရင်ဘတ်ကို ဖိမထားမိလိုက်သော်ငြား လက်ထဲက ပိုက်ဆံအိတ်လေးကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ရင်း နေရာမှာတင်ကျောက်ရုပ်ပမာ ရပ်နေမိသည်။ လှုပ်ရှားနေသည့် စိတ်နှင့် ရွေ့လျားလိုက်လျှင် ဟန်ချက်ပျက် မှားသွားနိုင်သည့် ခြေတစ်စုံအား  ခန့်မှန်းရိပ်မိသွားမည်ကို စိုးရိမ်လှသည်။

If YouWhere stories live. Discover now