Ep - 56

15.8K 1.3K 35
                                    

Unicode

တစ်နှစ်ဆိုသည့် အချိန်ကာလအတွင်း များများစားစား ပြောင်းလဲသွားခြင်း မရှိလည်း တချို့အရာတွေကတော့ ပြောင်းလဲသွား၏။

အိပ်ဆေးတွေ စွဲသုံးထားသည့် ဒဏ်နှင့် စိတ်ကို လွှတ်ပေးခဲ့သူ သဇင်နွယ်ကတော့ စိတ်ကျန်းမာရေးအတွက် ကုထုံးတွေအား ဥပဒေက ကန့်သတ်ထားသည့် ဘောင်တစ်ခုထဲ ကုသမှု ခံယူနေခဲ့ရသလို သံတိုင်တွေရဲ့နောက်ကွယ် ရောက်နေရသည့် ဒေါ်ခက်နွယ်လည်း သမီးဖြစ်သူ သတင်းကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်ခဲ့ရသည်။ ဥပဒေကပေးသည့် ပြစ်ဒဏ်ထက် သမီးဖြစ်သူ၏ သတင်းကြောင့် ဒေါ်ခက်နွယ် သောကထုထည်ကို ခံစားနေရသည်က ပိုသာလွန်ခဲ့၏။

လူမဆန်သော လုပ်ရပ်များအတွက် ပြန်လည်
ပေးဆပ်နေရသည့် သူဌေးကြီး၏ ဇနီးဆိုသည့် သတင်းခေါင်းစီးနဲ့ ဟိုးလေးတကျော်ကျော် မဖြစ်ခဲ့ခြင်းက ဖေဖေ့ရဲ့ ထိန်းချုပ်နိုင်အားကို ပေါ်လွင်စေခဲ့သည်ပင်။ ဟိုတယ်လုပ်ငန်းကို ပြည်ပအထိ ထိုးဖောက်ဖို့ရာ မြန်မာမြေမှာ ဖေဖေ့ ခြေရာတွေ နည်းကျဉ်းခဲ့၏။ ဦးခန့်ကိုပါ ရင်းနှီးမြှုပ်နှံဖို့ မဲဆွယ်ခဲ့၍ အသစ်ဖွင့်မည့် ဟိုတယ်က စင်္ကာပူမြေမှာ အကောင်အထည် ဖော်ဖို့ ဖြစ်သွားခဲ့သည်။

ရန်ကုန်မှာ ဖွင့်ထားသည့် ဟိုတယ်ကိုတော့ လွှဲပြောင်း အုပ်ချုပ်ဖို့ရာအတွက် လမ်းကြောင်း ပေးခဲ့၏။ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ အထက်ပိုင်း လုပ်ငန်းဆောင်တာတွေပဲ သင်ယူနေရ၍ ကျွန်တော့်မှာ တစ်နေ့တစ်နေ့ ညံ့အနားတောင် ကြာကြာမကပ်နိုင်။ ခေါင်းအုံးနဲ့ ခေါင်းထိမိတာနဲ့ မနက်မိုးလင်းမှ တစ်ရေးရသည်အထိပင်။ ဂရုစိုက်မှုတွေလည်း အတော်လစ်ဟင်းနေခဲ့သလို ဖြစ်နေရ၏။ ညံ့ကို အားနာမိပေမယ့် ချစ်စရာကောင်းတဲ့ အမျိုးသားလေးက အရင်လို ပူညံပူညံ လုပ်လာခြင်းမရှိ။ သဘောထားကြီးကြီး နားလည်ပေးရှာ၏။

တကယ်ဆို ညံလည်း ကျွန်တော့်လိုပင် အလုပ်တွေ များနေခဲ့တာပင်။ စာစီစာရိုက် မိတ္တူဆိုင် ဖွင့်ထားသည့် သူဌေးပေါက်စလေးမို့ နားနားနေနေ နေရတယ် မရှိရှာ။ ဆိုင်က ဖွင့်ကာစမို့ အရှိန်ယူနေရ၍ ဘက်ပေါင်းစုံက လိုအပ်ချက်တွေကို ဖွေရှာရင်း အတတ်နိုင်ဆုံး ဖြည့်ဆည်းနေရကာ ညံလည်း စိတ်ရောလူပါ မောနေခဲ့ရ၏။

If YouWhere stories live. Discover now