Ep - 10

17.3K 1.6K 9
                                    

Unicode

'' ညံ ပြန်လာပြီလားကွ ''

ကွမ်းယာ ယာနေရင်းမှ ကိုဇော်နိုင် လှမ်းနှုတ်ဆက်လိုက်၏။ ညံက ပြန်မဖြေ။ ဆိုင်ထဲသို့သာ ဝင်ချလာသည်။

'' ဘယ်လိုလဲ။ အလုပ်ကအဆင်ပြေလား ညံ ''

'' အခုထိ မြဲနေဆဲဆိုတော့ ပြေတယ်လို့ပဲ ဖြေရမှာပေါ့ ''

ကွမ်းယာခုံပေါ်တွင် ရှိနေသည့် စီးကရက်ဘူးထဲက တစ်လိပ်ကို ထုတ်ယူကာ  မီးညှိနေသည့် ညံ။ ပြန်ရလာသည့်အဖြေစကားကြောင့် ကိုဇော်နိုင် သဘောကျစွာ ပြုံးမိလိုက်သည်။

ခြေတစ်ဖက်ကို ဒူးအထက် ပစ်တင်ထားလျက်  ကျောကို ခပ်လျော့လျော့မှီထိုင်လာသည့် ညံက သစ်သားခုံတန်းရဲ့နောက်မှီအပေါ် လက်တစ်ဖက်ပါ တင်ထားရင်း အကြည့်တစ်စုံက လမ်းမထက်ဆီ ရောက်နေ၏။

'' ဟာ ..  ကိုညံ ''

ဆိုင်ထဲ ထိုင်နေသူကို မြင်သည်နှင့် ပါးစပ်ကလည်း လွှတ်ခနဲ ခေါ်မိပြီးနောက် သတိဝင်လာကာ မသိမသာ ရှောင်ထွက်သွားဖို့ ကြံလိုက်မိသည်။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီပင်။ ကိုညံက သားငယ်ကို မျက်လုံးတွေ မှေးစင်းကြည့်လာရင်းမှ ဆိုင်ထဲကနေ အသံတိတ် လက်ယက် ခေါ်နေသည်။

စာကိစ္စနဲ့ သုံးဘာသာဂုဏ်ထူးအကြောင်း ဖော်ထားမိ၍ မလုံမလဲ။ ခပ်ရွံ့ရွံ့သာ ဝင်လိုက်ရင်း မချိသွားဖြဲ ပြုံးပြလိုက်ရသည်။ သားငယ်ပုံက ဆရာကြီးရှေ့ အဆူငေါက်ခံဖို့ စောင့်နေရသည့် ကျောင်းသားပမာ။

'' မင်း အတော်လေး သတ္တိတွေ ကောင်းနေတယ်နော် သားငယ် ''

'' ဟဲ .. ဟဲ  ''

မတုန်မလှုပ် ကျောက်ဖြစ်ရုပ်ကြွင်း ရပ်နေရင်းသာ
သွားတွေပေါ်သည်အထိ ပြုံးဖြီးပြလိုက်မိသည်။ သို့ပေမဲ့ မကြာ။ ကိုညံက စိုက်ကြည့်လာသည်မို့ ဖော်ထားသည့် သွားတန်းတွေကို ပိတ်ပစ်လိုက်ရင်း သတိအနေအထားအတိုင်း တည်တံ့လိုက်ရ၏။

'' နောက်တစ်ခါ ပါးစပ်ဖွာရင် မင်း ငါနဲ့ အတွေ့ပဲ။
ရေး လာတဲ့အထိ ဘယ်မှမသွားနဲ့။ ဒီမှာနေ  ''

'' ဟို .. ကိုညံ။ ကျွန်တော် အိမ်မှာလေ အလုပ် ''

'' အပိုမပြောနဲ့။ ဒီအချိန်က မင်းအားတဲ့အချိန်။
ငါ့လာလိမ်နေတယ်။ ဖြတ်အုပ်လိုက်ရ! ''

If YouWhere stories live. Discover now