Ep - 38

12.1K 1.3K 48
                                    

Unicode

'' သားတို့ ပြန်လာကြပြီလား ''

'' ဟုတ် ကြီးရွှေ ''

'' သားအဖေနဲ့ ဦးလေး ထမင်းစားခန်းထဲမှာ
ရှိတယ်။ သားတို့ကို စောင့်နေတာထင်တယ် ''

ကားပေါ်ကဆင်းသည်နှင့် ကြီးရွှေအိမ်ထဲက ပြန်အထွက်နှင့် တိုးမိကာ ရေးနဲ့စကား ပြောနေသည်ကို အတူနားထောင်ဖြစ်သည်။ သဘောကောင်းတဲ့ ကြီးရွှေက အနေအေးဆေးသလို စကားပြောလည်း နည်း၏။ ကြီးရွှေကို နှုတ်ဆက်ပြီး နှစ်ယောက်သား ထမင်းစားခန်းဘက်သို့ ဦးတည်ခဲ့၏။ လူစုံတက်စုံရှိလှသော ထမင်းဝိုင်းမှာ ရွှေစိတ်တော်ဘဝင် မတွေ့သူကိိုလည်း အခန့်သား ထိုင်နေတာ မြင်ရတော့၏။

'' သား လာပြီလား။ လာ .. ထိုင်ကွာ ''

ပျူငှာစွာ ခေါ်သူကခေါ်ပေမယ့် ရှေးရှုမိရာမြင်ကွင်း
ရှေ့တည့်တည့်ရှိ မိန်းမပျိုမျက်နှာမှာတော့ ချက်ချင်းမှိုင်းညှို့လာတော့၏။ မြင်ရသူ မရွှေချော မှိုင်းစေအောင် မျက်နှာမှာ အလွမ်းဓာတ်ခံ ရှိနေပုံပင်။

'' ဦးခန့် ဘယ်လိုလဲ။ ကြီးရွှေလက်ရာက စားကောင်းတယ်မလား ''

'' အေးကွာ။ စားကောင်းဆို ဗိုက်ကားတဲ့ထိပဲ။ ဒါနဲ့ ဒီကလေးက မင်းဖုန်းထဲမှာ အမြဲ ကြွားကြွားနေတဲ့ သူငယ်ချင်းမလား။ မိတ်ဆက်ပေးဦးလေ ''

ရေးရဲ့နိုင်ငံခြားပြန်ဦးလေး အပြောကြောင့်နောက်ကျောမလုံချင်။ မျက်နှာကြောလည်း
တင်းချင်လာသလို။ ဖုန်းထဲမှာ ပြောထားတဲ့ စကားတွေက ဘာတွေဖြစ်မလဲ။ သူများတွေလို သားသူငယ်ချင်းကတော့ ဘာကြီးပါ ညာကြီးပါ ဘယ်သူဘယ်ဝါရဲ့ သားသမီးရယ်ပါလို့တော့ ဂုဏ်ဖော်ကြွားဝါစရာတစ်ခုမှ ရှိမနေတာအမှန်။ ကုန်ကုန်ပြောရရင် တကယ့်ကိုဂျစ်ကန်ကန်နဲ့ တစ်စက်မှ အချိုးမပြေတဲ့အကြောင်းတွေပဲ ပြောစရာများနေမှာပင်။ သူများ မေးကြည့်နေစရာ မလို။ ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးမို့ တစ်ခါတလေ ကိုယ့်ကိုကိုယ်တောင် အတော်လေး အမြင်မကြည်လင်ချင်။ ရိုက်ခတ်ညံဆိုတာ ဘာကောင်မှန်းကို မသိ။ ဆောင့်ကြွားကြွားနဲ့ !

'' ကျွန်တော် ပြောတာ ဟုတ်၊ မဟုတ် ဦးခန့်ကိုယ်တိုင် သေချာ ကြည့်ကြည့်လေ ''

If YouWhere stories live. Discover now