Ep - 36

13.3K 1.4K 127
                                    

Unicode

'' သမီးရေ ကလေးတွေ ရောက်နေကြပြီကွဲ့။ ပြီးပြီလား ''

'' ပြီးပြီ အမေ ''

ဒယ်အိုးထဲမှ ကြာဇံကြော်ကို ပန်းကန်ပြားတွေထဲ ခပ်ထည့်နေရင်းမှ အချဉ်ရည် ဖျော်နေသည့် ဘဒ္ဒါကို မေးလာသည့် အမေ။ အချဉ်စပ်ပြီးနောက် စားပွဲဝိုင်းပေါ် တည်ခင်းထားသည့် ကြာဇံကြော် ပန်းကန်တွေထဲ ဇွန်းတွေလိုက်တပ်ပေးမိစဉ် အိမ်ပေါက်ဝမှ အသံ။

'' ဘဒ္ဒါရေ ငါတို့ လာပြီဟေ့။ သားငယ်တို့လည်း တစ်ခါတည်း ပါလာတယ်။ ဘာဝိုင်းကူရဦးမလဲ ''

အသံနှင့်အတူ ရောက်ချလာသော သီရိ။ သားငယ်နဲ့ ဘိုဘိုပါ အတူပါလာကာ စားပွဲဝိုင်းနားသို့ ရောက်လာတော့သည်။

'' အစ်မ ကျွန်တော်တို့ ဘာဝိုင်းကူရမလဲ ''

'' ဘာမှ ဝိုင်းမကူနဲ့။ ဒါတွေ ငါနဲ့ဘဒ္ဒါ လုပ်လိုက်မယ်။ နင်တို့ ကလေးတွေကိုသာ သွားထိန်းထားပေး။ ဟုတ်ပြီလား။ ဒီမှာ အကုန်လုံး အဆင်သင့်ဖြစ်ရင် ခေါ်လိုက်မယ် ''

သားငယ်တို့နဲ့ ရင်းနှီးနေသူပီပီ သီရိက တာဝန်ကို ခွဲဝေပေးတော့၏။

'' အဲဒါဆို ကျွန်တော်တို့ ကလေးတွေနဲ့အတူ ရှိနေမယ်နော်။ စားလို့ရရင် အချိန် မဆိုင်းမလင့် ခေါ်လိုက်နော် ''

'' အင်း။ ဟင်းချိုလေး ထည့်ပြီးတာနဲ့ ခေါ်လိုက်မယ်နော်။ ကလေးတွေစုံမှ စုံရဲ့လား။ သေချာကြည့်ပေးပါဦးနော် "

အသံချိုချိုလေးနဲ့ ဒီဆရာမလေး ပြောလိုက်တိုင်း
သားငယ်တို့ ခေါင်းတညိတ်ညိတ်နဲ့ ပြုံးဖြီးမိတော့တာပင်။ အခုလည်း 'ဟုတ်' တစ်လုံးကိို ပါးစပ်ဖျားက မချနိုင်။

'' အမေ သွားနားချင် နားတော့လေ။ သီရိတို့လည်း ရောက်လာပြီဆိုတော့ သမီးပဲ လုပ်လိုက်တော့မယ် ''

'' အဲဒါဆိုလည်း ကလေးတွေကိို သမီးတို့ပဲ လုပ်ပေးလိုက်တော့နော်။ အမေ ဟိုနားဒီနား
အိမ်တွေ လိုက်ဝေလိုက်ဦးမယ် ''

ငါးဆင့်ချိုင့်ကို ဆွဲကာ အမေနေရာမှ ထရပ်တော့ သီရိက ပျာပျာသလဲ ဝင်တားတော့သည်။

'' မဟုတ်တာ အန်တီကလည်း။ သမီး သွားဝေပေးမယ်လေ။ ဘယ်အိမ်တွေလဲ ပြောလေ ''

If YouWhere stories live. Discover now