Ep - 44

10.8K 1.2K 40
                                    

Unicode

'' အစ်မဘဒ္ဒါ ပြောတာ ဒီအိမ်ပဲ ကိုရေး။ ကလေးမိဘတွေက ကိုသီဟနဲ့ မခင်မေ ''

ညံနဲ့ အမျိုးသမီးတစ်ဦး လမ်းမှာ အမှတ်မထင် ဆုံခဲ့တုန်းက အတူပါလာခဲ့သည့် ကလေး။ ဘဒ္ဒါအိမ် မွေးနေ့သွားတုန်းက ထပ်တွေ့ခဲ့ရ၍ တိုက်ဆိုင်မှုအား အံ့သြခဲ့ရသေးသည်။ သားငယ်ကို ဒီကလေးရဲ့ အိမ်နဲ့မိဘတွေကို ဘဒ္ဒါဆီမှာ တိုးတိုးတိတ်တိတ် မေးခိုင်းထားခြင်းပင်။ သားငယ် ညွှန်ပြလာသည့် အိမ်ကို အပြင်ကနေ အကဲခတ်ပြီးနောက် သားငယ်ပခုံးအား ခပ်ဖွဖွ ပုတ်မိ၏။

'' ကျေးဇူး သားငယ် ''

ခြေလှမ်းတွေ ရှေ့ဆက်ခဲ့ရင်း အိမ်ထဲဝင်ဖို့ ပြင်လိုက်သည်။ သားငယ်ကတော့ သူ့တာဝန် ဒီမှာတင်ပြီးဆုံးပြီမို့ ထွက်သွားနှင့်၏။

'' ဘယ်သူလဲ "

အဝတ်တွေထည့်ထားသည့် ဇလားတစ်ခုကို ခါးစောင်းထက်တင်ထားလျက် အမျိုးသမီးဆီမှ အမေးစကား။ ဘဝအမောကြောင့် နွမ်းလျဟန်ပေါ်နေခြင်းက ဖြတ်သန်းခဲ့ရသော လောကဓံရိုက်ချက်များကို မြင်သာစေနေသည်။

'' ကျွန်တော် မခင်မေဆီလာတာပါ ''

နားလည်ခြင်းမရှိသောပုံရိပ်တို့ မခင်မေ မျက်ဝန်းအိမ်တွေထဲ ဝင်ရောက်လာတော့သည်။ အိမ်ပေါက်ဝ ရောက်နေပြီဖြစ်ပေမဲ့ မဖိတ်ခေါ်ဘဲ ရောက်လာသည့်ဧည့်ကြောင့် မခင်မေ အိမ်ထဲ ပြန်ဝင်ရတော့၏။

'' ကျွန်တော့်နာမည် ရေးခါပါ ''

'' ဘာကိစ္စရှိလို့လဲ မသိဘူး ''

'' မခင်မေကို မေးချင်တာလေး ရှိလို့ပါ။ အင်း။ မေးတယ်ဆိုတာထက် အတည်ပြုချင်တာဆိုရင် ပိုမှန်မလားပဲ။ မခင်မေ ဒေါ်ခက်ခက်နွယ်ကို သိတယ်မလား ''

'' ဒေါ်ခက်နွယ် ! ''

အာမေဋိတ်အသံနှင့်အတူ ထိတ်လန့်သွားသည့် မျက်နှာ။

'' ဒေါ်ခက်နွယ်နဲ့ မင်းက ''

'' ကျွန်တော့်အဖေရဲ့ မိန်းမပါ  ''

အဖြေစကားအား စဉ်းစားနေရဟန်။
အချိန်ယူပြီးနောက်တွင်တော့ အမေဟူသော ဝေါဟာရအစား အဖေ့မိန်းမဟူသည့် အသုံးနှုန်းအား နားလည်သွားပုံပင်။ ခေါင်းညိတ်လာခြင်းဖြင့် သဘောပေါက်ကြောင်း ပြ၏။

If YouWhere stories live. Discover now