Ep - 49

10.4K 1.1K 23
                                    

Unicode

အကြိမ်ကြိမ်ခေါ်ဆိုနေမိလည်း ဖြေလာခြင်း မရှိသေး။ အိပ်ပျော်နေလို့များလားဆိုတဲ့ အတွေးဝင်မိပေမယ့် ညံ ဒီလိုအချိန်မျိုး အိပ်လေ့ မရှိတတ်။ သူများဖုန်း ခဏငှားဆက်ရတာမို့ အကြာကြီးယူထားလို့ မသင့်တော်။ ဖုန်းပြန်ပေးပြီး ကျေးဇူးတင်စကားသာ ဆိုမိ၏။ မန်နေဂျာဆီက အပြင်ခဏထွက်ခွင့် တောင်းပြီး အိမ်ကို ပြန်ခဲ့လိုက်သည်။ သူဌေးရဲ့သားမို့ အခွင့်ထူးခံ ယူတယ်လို့ ထင်ချင်လည်း ထင်စေတော့။ မတတ်နိုင်။ ဒီစိတ်နဲ့ အလုပ်ထဲနေလည်း ကမောက်ကမတွေပဲ ဖြစ်မှာ အသေအချာ။

ပါသွားသည့် အိတ်ကြောင့် လက်ထဲပိုက်ဆံ မရှိနေ။ မျက်နှာပူပူနဲ့ပဲ မန်နေဂျာဆီက ပိုက်ဆံချေးပြီး ထွက်ခဲ့ရ၏။ ပွင့်နေသည့် အိမ်တံခါးကြောင့် စိတ်အေးသွားရသည်။

'' ညံ။ ညံ  ဒီအချိန်ထိ အိပ်နေတုန်းပဲလား ''

အိပ်ခန်းထဲ ပတ်ရှာသည်။ ရေချိုးခန်းပါမကျန် တစ်အိမ်လုံး အော်ခေါ်မိရင်း ရှာပေမဲ့ အသံရော အရိပ်အယောင်ပါ မတွေ့ရ။ အပြင်သွားလည်း အိမ်တံခါးမပိတ်ဘဲ ထွက်လေ့မရှိတတ်သူမို့ စိတ်ထဲထင့်လာမိသည်။ ဒီလိုအချိန်ကျမှ လက်ထဲမှာ ဖုန်းကရှိမနေ။ စိတ်တိုတိုနဲ့ မနက်က အလစ်သုတ်သမားတွေကို မေတ္တာနာနာ ပို့မိ၏။

ရပ်ကွက်ထဲ ဟိုဟိုဒီဒီ လိုက်ရှာဖို့ ပြင်ရပြန်သည်။ ညံက အပြင်တစ်ခါ ထွက်ရင် နေဝင်မိုးချုပ် အကျင့်လေးတော့ ရှိတတ်၏။

'' ကိုကျော်ကြီး ညံ့ကို မတွေ့မိဘူးလား ''

လမ်းမှာ ခရီးသည်ကိုလိုက်ပို့ပြီး ပြန်လာပုံရသည့် ကိုကျော်ကြီးကို မေးမိ၏။ ဖြည်းဖြည်းမှန်မှန် နင်းလာသည့် ဆိုက်ကားကို ရပ်လိုက်ရင်းမှ ဖြေလာသည့် စကားက စိတ်ထဲ မအေးချမ်းမှုကို ပိုသာစေတော့၏။

'' မတွေ့ဖြစ်ဘူး ရေးရ။ ညံ ဆိုက်ကားဂိတ်ကိုတောင် မလာတာ အတော်ကြာပြီ ''

ကိုကျော်ကြီးကို နှုတ်မဆက်နိုင်။ ဆက်လက် ထွက်ခဲ့ရင်းမှ ဘိုဘိုတို့ဆိုင်ရှေ့ ရောက်၏။

'' ညံ မင်းတို့ဆီ လာသေးလား ဘိုဘို ''

'' ကိုညံနဲ့ မတွေ့ဖြစ်လို့ ကျွန်တော်နဲ့ သားငယ်တောင် ခုနလေးတင် ဖုန်းဆက် ခေါ်နေသေးတာ။ စက်ပိတ်ထားတယ်ချည်းပဲ အော်နေလို့။ ကိုရေးဖုန်းကိုတောင် ဆက်သေးတယ်။ ဖုန်းခေါ်မရတာနဲ့ သားငယ်လည်း ခုနလေးတင်မှ ပြန်သွားတာ ''

If YouWhere stories live. Discover now