Ep - 21

12.6K 1.3K 24
                                    

Unicode

'' နိုးသွားပြီလား။ ဆက်အိပ်နေလေ။ မထနဲ့ဦး။ တစ်ညလုံး မင်းကောင်းကောင်းမှ အိပ်မပျော်ဘဲ ''

အင်္ကျီလက်ကို ခေါက်တင်နေရင်းမှ ကုတင်ထက် လူးလွန့်လာသော ကောင်လေးကို ကြည့်ကာ ပြောမိ၏။

'' အပြန် ဘာဝယ်လာရဦးမလဲ။ သားငယ်တို့နဲ့ ချိန်းထားသေးလား ''

ကိုယ်တစ်ခြမ်းဘေးစောင်းလျက် ကွေးနေသူဆီ လျှောက်သွားရင်းမှ အနားတိုးထိုင်ကာ ဆံပင်တို့ကို လက်နဲ့သပ်တင်ရှင်းလင်းပေးတော့ ကြည်ဖြူစွာပင် ငြိမ်နေ၏။

'' ဘယ်မှ မသွားဘူး။ ဒီနေ့တစ်နေကုန် အိမ်မှာပဲ အပြည့်အဝ နားမှာ ''

'' အင်း။ ကောင်းတယ် ''

'' ရေး ''

'' ဟင် ''

မတ်တပ်ထရပ်တော့ လက်ကောက်ဝတ်ကို ဖမ်းဆွဲရင်း ခပ်တိုးတိုးခေါ်လာသူ။

'' ကျေးဇူး ''

ခပ်တိမ်တိမ် အသံလေးသာဆိုပေမဲ့ လေးနက်ခြင်းက မျက်ဝန်းညိုတွေထဲ အပြည့်။

'' မင်းနဲ့ငါ့ကြားမှာ ဒီစကားတွေမလိုပါဘူး ညံရာ။ ဟိုတနေ့က မင်းပိုက်ဆံရေနေတာတွေ့လိုက်လို့ ''

'' တအားအလိုက်သိတာပဲ ငါ့ရေးလေးက။ အိမ်လခပေးရမှာ လိုနေသေးလို့ အကျပ်ရိုက်နေတာ။ ခုလို အိတ်ကပ်ထဲ ငါတောင် မသိလိုက်ဘဲ ဖြည့်ပြီးသားဖြစ်နေတာမြင်တော့ .. အား ငါ့ရေးက မိုက် .. မိုက် ''

ဆွဲကိုင်ထားသော လက်ကို ဆောင့်ဆွဲချရင်း ကျွန်တော့်ကို ပြန်ထိုင်စေသလို သူပါ ထထိုင်လာရင်းမှ သဘောခွေ့နေသူ။ ဒီလိုမနက်ခင်းနဲ့ ဒီအပြုံးလေးတွေကို လောဘတွေသာ ပိုပိုတက်လာရရင်ဖြင့်။

'' အင်း။ နောက်လည်း တအား မိုက်ခွင့်ပြုမယ်မလား ''

'' ဒါပေါ့။ မင်းသာဆန္ဒရှိမယ်ဆို Ever Welcome။ မင်းပိုက်ဆံကလည်း ငါသုံးပေးမှပဲ ကုန်မှာမလား။ အဲ့တော့ မင်းက များများရှာ။ ငါက မြန်မြန်ကုန်အောင် သုံးပေးမယ် ''

အပြုံးတို့ဖောဖောသီသီ စွန့်ကြဲနေသူအား ကြည့်ရင်း ကြည်နူးပီတိစိတ်က ရင်မှာ ကိန်းအောင်းလို့ လာတော့၏။

If YouWhere stories live. Discover now