Ep - 39

12.2K 1.3K 38
                                    

Unicode

'' ကားထဲမှာပဲ စောင့်နေ။ ငါ ခဏပဲကြာမှာ။ မဆင်းနဲ့တော့ ညံ ''

'' အင်း  ''

အသံပြုလိုက်ပေမဲ့ မျက်ဝန်းတွေကို မဖွင့်နိုင်သေး။ ရေးကို အားနာမိပေမဲ့ မတတ်နိုင်။ မျက်ခွံတွေက တစ်ကိုယ်ကောင်းဆန်ဆန် လေးလံနေဆဲ။ ကားတံခါးဖွင့်ကာ ဆင်းသွားတာသိပေမဲ့ နောက်က
တကောက်ကောက် လိုက်မသွားဖြစ်။ ရေး ချွတ်ထားခဲ့သည့် အပေါ်ထပ်အနွေးထည်ကို ယူကာ ကိုယ်ပေါ် ခြုံထားလိုက်ရင်း ပြန်ကွေးနေလိုက်သည်။ အချစ်ချိုချို ဇာတ်ကားတွေထဲကလို အိပ်ပျော်နေတဲ့ ချစ်သူကို တယုတယ ခြုံပေးတဲ့ ကြည်နူးစရာ ဇာတ်ဝင်ခန်းတစ်ခုတော့ မဟုတ်ခဲ့။ ဒါပေမဲ့ အဆင်ပြေနေလွန်းသည်။ တယုတယ နူးညံ့ခြင်းတွေမှာ ကိုယ်တိုင် အသားမကျနေသလို ရေးကလည်း ဖော်ပြခြင်းမရှိ။ တမင် ဖုံးကွယ် ထိန်းချုပ်ထားတာ မဟုတ်ဘဲ သူကိုယ်တိုင်ကိုက ဒီလိုနေတတ်ခြင်းသာ။

ချစ်ခြင်းမေတ္တာဆိုတာကလည်း ပုံသေ သတ်မှတ်ထားလို့ ရနိုင်တဲ့ ပုံစံခွက်တစ်ခုမှ မဟုတ်ဘဲ။ ဒီတော့ ကိုယ့်အယူအဆနဲ့ ကိုယ်ပိုင်ပုံစံ ဖော်ဆောင်ကြတတ်တာ အဆန်းတကြယ် ဖွဲ့သီပြောနေစရာတော့မလို။

မဖွင့်ချင်သေးတဲ့ မျက်ဝန်းတွေကို မှိတ်ထားလည်း စိတ်ချလက်ချ မပျော်နိုင် စိတ်ကြောင့် အိပ်စက်ခြင်းနဲ့ မပေါင်းစပ်နိုင်။ ကားထဲက ထွက်ရင်း ရေးဆီ လျှောက်သွားမိ၏။

ပန်းရနံ့တို့ ထုံသင်းပျံ့လွင့်နေသည့် ခြံကျယ်ကျယ်က ကြည်နူးဖွယ်။ ဝေလီဝေလင်း နံနက်ခင်းမှာ အရောင်မျိုးစုံသောပန်းတို့၏ မွှေးရနံ့ဖြင့် တင့်တယ်နေလျက်။

မြင်လိုက်ရသော အဖြူရောင် နောက်ကျောပိုင်ရှင်။ ခြေလှမ်းတွေ ရှေ့မဆက်ဖြစ်ကာ ရောက်ရာ နေရာမှာသာ ရပ်ရင်း ငေးမိ၏။ ဘာနဲ့မှ သွင်မတူ၊ နှိုင်းမမီ စံချိန်စံညွှန်းတွေကို ဒီလူသားအတွက်သာဆို ရှိရှိသမျှ အမှတ်အပြည့် ပေးထားပြီးသား ဖြစ်နေ၏။

ရောင်စုံသင်းသော ပန်းရနံ့များအား ဖြိုခွင်းကာ ဆွဲဆောင်မှု ရှိနေသူ။ ခြံပိုင်ရှင် ဦးလေးနဲ့ စကားပြောနေဟန်။ မည်သူတစ်စုံတစ်ဦးမှ မမြင်နိုင်သော ကလေးဆန်မှုတွေရှိနေလည်း တည်ကြည်ပြတ်သားသည့် အသွင်က အများသူငှာရှေ့ဝယ် ထည်ဝါခြင်းအပြည့်။

If YouWhere stories live. Discover now