Ep - 55

14.9K 1.3K 24
                                    

Unicode

'' ရေး ..''

'' အင်း။ ပြောလေ ညံ။ ဘာလိုလို့လဲ။ ငါ ဘာလုပ်ပေးရမလဲ ''

အင်တာနက်ကနေ ပုံတွေနဲ့ Review တွေ ရှာဖတ်နေရင်းမှ ခေါ်သံကြောင့် ဘေးချင်းကပ် ထိုင်နေသူအား ငဲ့ကြည့်ရင်း မေးမိ၏။ ရင်ခုန်သံကြိမ်နှုန်း မြန်စေတဲ့ ဒီအသံလေး ကြားတာနဲ့ လုပ်လက်စအကုန် ရပ်နားပစ်မိတာကလည်း အကျင့်တစ်ခုလို စွဲစွဲမြဲမြဲပင်။

ကုတင်ခေါင်းရင်း ကျောမှီထားလျက်မှ ထိုင်နေသူလေးနှင့် အကြည့်ချင်း ဖလှယ်မိ၏။ နေမကောင်းနေချိန်မို့  ရီဝေဝေဟန်လေးက ငေးချင်စဖွယ်။ ဆံသားတွေကို စုပြီး ponytail ပုံစံလေးပါ စည်းပေးထားတာမို့ ဖွေးနုသန့်စင်နေတဲ့ မျက်နှာချောချောလေးက ရှင်းလင်းနေ၏။ အဖြူရောင် ရှပ်လက်ရှည် ခပ်ပွပွကြား မြုပ်နေတဲ့ ကိုယ်လေးက အသည်းယားဖွယ်။

ရှာဖွေထားသမျှ နေရာတွေကိုလည်း စိတ်ဝင်တစား လိုက်ကြည့်ရင်းမှ --

' ဒါက ဘယ်နေရာလဲ ရေး '

' ဘယ်မြို့မှာ ရှိတာလဲ '

' လှတယ်နော်။ မိန်းကလေးတွေဆို သဘောကျမှာပဲ။ ဒီလောက်လှနေတော့ ဓါတ်ပုံရိုက်လို့ ကောင်းမှာ '

ဟုလည်း ဘေးနား တတွတ်တွတ် ပြောဖို့ မမေ့လျော့ခဲ့။ ရေးထားတဲ့ Review တွေကိုတော့ လိုက်မဖတ်။ ပုံတွေလောက်သာ ခပ်လျှမ်းလျှမ်း ကြည့်လျက်။

ကမ်းခြေနေရာတွေ ရှာကြည့်မိတော့လည်း ---

' ငါ့မှာ ပိုက်ဆံဘယ်လောက်ရှိရှိ မင်းနဲ့တော့
အတူ မသွားနိုင်တဲ့နေရာ '

ဟုလည်း ပြောလာသေး၏။

' ဘာလို့လဲ။ မင်းသွားချင်ရင် ငါလိုက်ပို့မယ်လေ '

လို့ ပြောမိတော့ တုံးအ, ပြန်ပါလေရော ဆိုသည့် အကြည့်တစ်ချက်နဲ့ တုံ့ပြန်လာသူ။ ပြီးမှ မပွင့်တပွင့် ဖြေလာသည့်စကားကြောင့် ပြုံးရတော့၏။

' ကမ်းခြေဆိုမှတော့ အလစ်တွေချည်း ဝတ်မယ့် ကောင်မလေးတွေ အနည်းနဲ့အများတော့ ရှိမှာပဲလေ။ မင်းကို မကြည့်စေချင်ပါဘူး။ ငါ ငေးချင်ရင်လည်း ဘေးက မင်းကို အားနာရဦးမယ်။ မဖြစ်ဘူး။ ဒီနေရာတော့ .. ငါနဲ့ မကိုက်ဘူ။ နိုး '

If YouWhere stories live. Discover now