Ep - 20

14.2K 1.4K 40
                                    

Unicode

'' ညံ။ ညံမဟုတ်လားဟင် ''

ဆယ်နှစ်အရွယ်ကလေးကို လက်တစ်ဖက်က ဆွဲကိုင်လျက် မျက်နှာချင်းဆိုင် အနေအထားမှ တဖြည်းဖြည်း နီးကပ်လာသော အမျိုးသမီး။ နှုတ်မှလည်း အံ့သြစွာပင် ညံဟုတဖွဖွ ရေရွတ်ခေါ်လာလျက်။

'' တကယ်ပဲ ညံဖြစ်နေတာကိုး။ မတွေ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ  ''

အမျိုးသမီး၏ နှုတ်ဆက်သမှုပြုသံသည် အံသြခြင်းပြီးနောက်၌ ခပ်တိမ်တိမ်အသံနက်က တစ်စုံတစ်ရာအား အားနာသမှုပြုနေသယောင်။ မျက်နှာသွင်ပြင် ပုံပန်းဟန်ပန်သည်လည်း တက်ကြွရွှင်လန်းခြင်းမရှိ။ မျက်ဝန်းရိပ်တို့သည် တိုးလျှိုးဖုံးကွယ်မှုများအပြည့်။ မလှုပ်မယှက် ရပ်နေမြဲဖြစ်သောသူ၏ နှုတ်ခမ်းလွှာတစ်စုံထံမှ ဝေါဟာရတို့သည် အသက်ဝိညာဉ်မဲ့နေသူပမာ ဇီဝိန်ချုပ်ငြိမ်းနေ၏။ ရုတ်တရက်ပင် ကျွန်တော့် ဘယ်လက်ဖဝါးအား ခပ်တင်းတင်း ဆုပ်ကိုင်လာသည့် ညံ။ စေ့စေ့ပိတ်ထားသော နှုတ်ခမ်းလွှာတစ်စုံ ပိုင်ရှင်အား မသိနားမလည်စွာ ငဲ့ကြည့်မည်အပြု ထိယှက်နွယ်ငင်ထားသည့် လက်ဖဝါးပြင်မှ အေးစက်ခြင်းက ဟန့်တား ပိတ်ကာချလိုက်သည့်ပမာ။ အမျိုးသမီးကိုသာ စေ့စေ့ရှု၍ အပ်နှင်းထားသည့် လက်ပြင်နုနုကိုသာ ထွေးရောယှက်တင် ပြန်လည် ဖက်တွယ်မိ၏။

'' မထင်မှတ်ဘဲ ခုလိုတွေ့လိုက်ရတော့ အစ်မ စိတ်လွတ်သွားတာ။ တောင်းပန်ပါတယ်။ မနှုတ်ဆက်သင့်ဘူး။ သွားတော့မယ်နော် ညံ ''

တောင်းပန်ရိပ်ပဝါပါး လွှမ်းခြုံထားသည် ဟန်အမူအရာအပြင် တိမ်ဝင်သည့် အသံဆွေးဆွေးဖြင့် နှုတ်ဆက်ကာ ထွက်သွားသူနဲ့ ပတ်သက်ဆယ်နွယ်မှုကို  နားလည်ခြင်းမရှိတာ အမှန်။ နေရာမှာတင် ရပ်နေမြဲဖြစ်သော ညံ။ မှုန်တေနေခြင်းမဟုတ်ပါဘဲ ငြိမ်သက်နေသည်က ရေသေအလား ခံစားချက်မဲ့ရှင်းနေလျက်။

'' ညံ ''

ထွေးယှက်ထားသည့် လက်အား နှစ်သိမ့်အားပေးစွာ ဆုပ်ကိုင်ထားရင်းမှ ခပ်တိုးတိုး အသံပေးမိသည်။ ပြန်လည်ပြုသံသည် ထွက်ကျလာခြင်းမရှိ။ မျက်ဝန်းတို့သည် တစ်နေရာတည်းတွင်သာ တန့်နေ၏။ စိုးရိမ်ပူပန်စိတ်တို့သည် အလုံးအခဲနှင့် တွန်းတိုက်ကာ ဝင်ရောက်လာရတော့၏။

If YouWhere stories live. Discover now