Ep - 19

12.9K 1.3K 13
                                    

Unicode

'' အိမ်ကကားကို ဘယ်သူ့ကို သွားကြည့်ခိုင်းထားလဲ  ''

'' ကိုသီဟ သွားပါတယ်။ ကားကောင်းကောင်း ကြည့်တတ်တဲ့သူမို့ ပိုပြီးအဆင်ပြေမှာပါ ''

ရှင်းပြလာသည့် စကားကို ဒေါ်ခက်ခက်နွယ် ဆက်ပြီး နားထောင်ချင်စိတ်မရှိတော့။ သူမ စီးနေသည့်ကားက ဖောက်လွဲဖောက်ပြန်ဖြစ်နေ၍ အိမ်မှာပဲ ထားခဲ့ရကာ သဇင်နွယ့်ကားကို ယူလာရ၏။ ကားဝပ်ရှော့ ဖွင့်ထားပေမဲ့ ကားပြင်တတ်နေသည်တော့ မဟုတ်။ သို့ပေမဲ့ ဒေါ်ခက်ခက်နွယ် အုပ်ချုပ်မှုအောက်မှာ ဒီဝပ်ရှော့က ဘယ်သူမှ သူမကို မထိလေးစား လုပ်၍မရသလို၊ ဖီဆန်ခြင်းလည်းပြုလို့ မရသည်အထိ ဦးရာဇနိုင်၏ ဇနီးဆိုသော ဖြစ်တည်မှုက များစွာ အထောက်အကူ ပြုထားသည်။

ကြားရသည့်စကားက စိတ်ကိုတိုစေသည်။
'သီဟကလွဲရင် ကားကောင်းကောင်း ကြည့်တတ်တဲ့ တခြားသူရော မရှိကြတော့ဘူးလား ' ဟူ၍သာ မေးပစ်လိုက်ချင်သည်။ ကားနဲ့ ပတ်သက်ပြီး သီဟမှာ ကျွမ်းကျင်ပိုင်နိုင်မှု ရှိနေတာ အမှန်ပေမဲ့ ပတ်သက်မှုက ရိုးစင်းနေတာ မဟုတ်၍ အိမ်ကိုတော့ ဝင်ထွက်တာမျိုး မရှိစေချင်။

ဘေးမှာရပ်နေသူကို 'ရပြီ'  ဟုသာ ပြောပြီး  နှင်လွှတ်မိသည်။ စိတ်အာရုံနောက်နေချိန် အနားမှာ လူရှိနေတာ ဒေါ်ခက်ခက်နွယ် မကြိုက်။ ဘယ်သူ့ကိုမှလည်း စကားမပြောချင်သလို နားလည်းမထောင်ချင်။ တစ်ယောက်တည်းသာ နေချင်သည်။

* * * * * * *

'' ညံရေ ဒါလေးတစ်ချက်လောက် လုပ်ပေးပါဦး။ ဗီနိုင်းလာအပ်ထားတာ ငါမေ့နေလို့  ''

''  ကျွန်တော် ဒါလေးရေးပြီးရင် လုပ်ထားလိုက်မယ် ကိုမျိုး ''

'' အေး။ ကျေးဇူးပဲနော် ညံ။ ငါအပြင်ခဏလောက်
သွားဦးမယ်။ ပရင်တာတစ်လုံး တွေ့ထားတယ်။ ဈေးအဆင်ပြေရင်တော့  တစ်ခါတည်း ဝယ်ခဲ့မလားလို့။ သိပ်မကြာပါဘူး ''

'' ကျွန်တော့်ကို အားမနာနဲ့။ အေးဆေးသွား ''

ဗီနိုင်းထုတ်ဖို့အတွက် CD ချပ်ကို ခုံပေါ်
တင်ပေးထားလိုက်ကာ ပရင့်ထုတ်ဖို့ ပြင်နေသူကို
ထပ်ပြောမိသည်။

If YouWhere stories live. Discover now