Ep - 57 (Final)

38.3K 1.8K 131
                                    

Unicode

'' ညံ မင်းမငြင်းနဲ့ကွာ ''

'' ဟာ .. သေချာကြည့်ပြီး ပြောဟ! ဒီမှာ ငါ့လက်ထဲမှာရှိတာ ဒါအကုန်ပဲ ''

လက်ထဲကိုင်ထားတဲ့ ဖဲချပ်တွေကို ထောင်ပြလာရင်း အရိုးခံရုပ်လေးနဲ့ ဆိုလာသူ။ ဘယ်လိုပဲပြောပြော ပွဲဆက် အရှုံးပေါ်နေရတဲ့ ကျွန်တော်ကတော့ မယုံနိုင်။ ညံ ဖဲခိုးထားသည်ဟုပဲ ထင်၏။

'' ရေး မင်းနော် .. ကိုယ့်ဘာသာ မကစားတတ်လို့ ရှုံးတာကို ငါ့လာ ပတ်မရမ်းနဲ့ ''

ရှေ့ကို မထော်လာလည်း သေးသေးလေးမှ ခွန်းတုံ့အတင် မခံသူလေး၏ နှုတ်ခမ်းလေးကို ဖြစ်နိုင်ရင် ဆွဲကိုက်ချင်၏။ ဖဲခိုးထားတာ သိပေမဲ့ ရှာမတွေ့သေး။

'' မင်းထကြည့်လေ ! ငါယုံအောင်လို့ ''

ချစ်တာက ချစ်တာပဲ။ ကစားတာက ကစားတာပဲမို့။ လူလည်ကျခံနေရတာ သိသိရက်နဲ့ ဒီအတိုင်း ကျော်မသွားနိုင်။ တုံးအ,နေလို့ မဖြစ်။ အိတ်ထဲက ပိုက်ဆံလည်း အတော်များများ ပါနေပြီသာ။

တစ်အိမ်တည်းနေ တစ်ကုတင်တည်း အိပ်တာပဲ၊ ရှုံးလည်း ဘာပါမှာမို့လဲ မထင်လိုက်နဲ့။ ကျွန်တော်နဲ့မို့ ညံက ဖဲရွက်အလကားကိုင်ကြေး ကစားတယ်လို့ထင်ရင်တော့ အမှားကြီး မှားပြီပင်။ စကစားတုန်းကတော့ နှစ်ယောက်လုံး ပျင်းနေတာနဲ့ တစ်ပွဲ၊ နှစ်ပွဲလောက်ပဲ ဆိုပေမယ့် မကောင်းတဲ့ အလုပ်ဆိုတော့လည်း ငြိမိတာနဲ့ တွယ်ပါလေရော။ အခုထိ မအိပ်နိုင်၊ မငိုက်နိုင်ဘဲနဲ့ကို နှစ်ယောက်သား ပွဲဆက်နေမိတာ ညတစ်နာရီ ထိုးနေပြီသာ။ ကိစ္စတော့မရှိ။ မနက် နှစ်ယောက်စလုံး အလုပ်နားရက်မို့ နေထွက်ချိန်အထိ အိပ်ပစ်လိုက်လို့ ရနေ၏။။

မသင်္ကာဖြစ်မှုကို စစ်ခံဖို့ရာ ခပ်တည်တည်ပဲ မတ်တပ်ထရပ်၏။ တစ်ကိုယ်လုံးကို လက်နဲ့ ဟိုခါဒီခါရင်း တစ်ပတ်လှည့်ပြလာ၏။ မျက်နှာက ရှစ်ခေါက်ကို ဘယ်နှစ်ချိုးချိုးထားလည်းတော့ မသိ။ အတော်လေးတော့ ချိုးထားပုံပင်။

'' ရပြီမလား။ ငါ မခိုးထားပါဘူး ပြောနေတာကို ''

ဆောင့်ကြီးအောင့်ကြီး ပြန်ထိုင်ချ၏။ ဘေးနား ချထားသည့် ဘီယာဘူးကို မကျေမနပ် မော့သောက်နေလျက်။ အိပ်ရာပေါ်မှာ မဟုတ်၍ ဘူးခွံနဲ့ ဖဲချပ်တွေက အပြိုင်ကြဲလို့ ရနေ၏။

If YouWhere stories live. Discover now