Ep - 31

12.1K 1.2K 21
                                    

Unicode

'' ရေး  ပြော ''

စာအုပ်အတွက် ဘောင်ချာရေးနေစဉ် ဝင်လာသည့် ဖုန်း။ အသံသာသာတွင် နွေးထွေးခြင်းကို
ဆောင်ကြဉ်းပေးလျက်။ များစွာ ဖြတ်သန်းလာရသော ကေဘယ်လ်ကြိုးများလည်း အားမာန်လျှော့ကာ အရှုံးပေးလိုက်ရဟန်။ ဒီလူသား၏ နွေးထွေးမှုကို မဖဲ့ခြွေ၊ မယူငင်နိုင်။

'' အေး။ ထွက်ခဲ့မယ်လေ။ စောင့်နေ ''

နေ့လည်စာအတူစားဖို့ ဖုန်းဆက်ခေါ်လာသူအား မငြင်းဆန်နိုင်။ အလုပ်ကိစ္စတစ်ခုနဲ့ ဒီဘက်ရောက်ရင်းဆိုသော မပိမရိအလိမ်အညာကို မဖော်ထုတ်မိတော့။ ဒီလူသား၏မေတ္တာရိပ်မှာသာ ငြိမ်းချမ်းချင်တော့သည်။ လောဘသားကောင်နောက်အား ရံဖန်ရံခါ လိုက်ပါချင်စိတ်ကို ဘရိတ်သာသာလွှတ်၍ အတ္တကြီးကြီး ခိုကပ်စီးချင်မိ၏။

'' ညံ အပြင်သွားမလို့လား။ နေ .. နေ ထားခဲ့။ အစ်ကို ဆက်လုပ်လိုက်မယ် ''

အလိုက်သိသော ကိုမျိုးက ခွင့်တောင်းစရာမလို။
သာသာယာယာပင် ခွင့်ပြုလာတော့၏။ ကျသင့်ငွေ တွက်ချက်ပြီးသား ဘောင်ချာဖြတ်ပိုင်းကို မပေးရသေးခင် ကိုမျိုးနဲ့ လွှဲကာ ထွက်လာမိ၏။ ကတိုက်ကရိုက်နှင့် ခြေလှမ်းကျဲများက အလျင်လိုနေလျက်။ ဘဒ္ဒါတို့ကိုတောင် မနှုတ်ဆက်ခဲ့မိ။ မေ့လျော့ခဲ့ခြင်းအား ခေါင်းသာခါမိရင်း ခြေလှမ်းကျဲများ အရှိန် ပိုတင်မိတော့၏။ ဗိုက်ဆာနေတာလည်း မဟုတ်ပါဘဲ မြန်မြန်ရောက်ချင်စိတ်က ကြီးစိုးနေ၏။

*******

သားငယ်ပြန်သွားသည်နှင့် ဖုန်းဆက်ခေါ်မိသည်။
အစားအသောက်ပျက်နေသူကို တတ်နိုင်သလောက် ဂရုတစိုက်ကျွေးချင်မိ၏။ ရသည့်အချိန် နည်းနည်းလေးဆိုရင်တောင် ညံ့အတွက်သာ ဖြစ်စေချင်သည်။

ဖုန်းဆက်ပြီး ညံစားတတ်သည့် အစားအသောက် တချို့ကို အရင်မှာနှင့်ထားကာ ဟိုဟိုဒီဒီငေးရင်း ဝန်းကျင်တစ်ခွင် ညံလာမည့် လမ်းကို ငေးမိ၏။ ဆိုင်အဝင်ဝကိုသာ မျက်ဝန်းအကြည့်တို့ မလွှဲမဖယ် ပို့ထားမိစဉ် မျှော်နေသူသည် နွမ်းလျဟန်ကို အပြုံးနဲ့ မလုံမခြုံ ဖုံးဖိရင်း ဝင်လာတော့သည်။ ညံသည် ပူပန်မှုကို သိမ်းလျက် လောဘကိုလည်း ငြိမ်းစေသူ။ ရှေ့တစ်လှမ်း တိုးမည့် ခြေလှမ်းများ လှမ်းခွင့်မရဲသည်အထိ ဖြူစင်ခြင်းကို ဆောင်၏။

If YouWhere stories live. Discover now