Ep - 41

12.1K 1.3K 13
                                    

Unicode

ရေးနဲ့ ကားဝယ်သူတို့ စကားပြောနေစဉ် ဂိုထောင်ဘက်သို့ ထွက်ခဲ့မိ၏။ ရင်းရင်းနှီးနှီး မရှိသော အကြောင်းအရာတွေမို့ နားမထောင်ချင်။ အမြင်အရတော့ ပြန်ရောင်းမယ့်ကားက ဖလန်းဖလန်းကြီးပင်။ ဝယ်ပြီးကတည်းက သုံးရောသုံးထားရဲ့လား ဆိုတာတောင် မေးယူရမလို။ ပြန်ထုတ်မယ့်ကားကြီးက ရေးနဲ့ အဝယ်တော်ကြား ငွားငွားစွင့်စွင့်၊ ဂုဏ်ရောင် တောက်ပြောင်ပြနေလျက်။ ဟိုလူကလည်း သဘောကျနေပုံပင်။

' ဒီမှာလည်း တစ်စီးပါလား '

ဂိုထောင်ဘက် လျှောက်ခဲ့ရင်း အထဲ ဝင်ကြည့်မိတော့ အနက်ရောင်ကားတစ်စီး ထပ်ရှိနေသေး၏။ မသုံးဘဲ ပစ်ထားတာ ကြာလို့ထင်။ ဖုန်မှုန့်တွေပင် ကပ်ငြိနေလေ၏။ မနက်က မရှိတဲ့ကလေးအမေသရဲကိို လန့်နေတာနဲ့ ကားနှစ်စီးရှိနေတာ သတိမထားမိလိုက်။ စကားလက်စမပြတ်သေးသော ရေးကတော့ အရောင်းအဝယ်ဖြစ်ရေးကို အာရုံထားနေရ၍ ကျွန်တော့်နောက် အတူလိုက်မလာနိုင်။

တစ်ယောက်တည်း ကားကိုပတ်ကာ ရှေ့နောက်
ခေါက်တုံ့ခေါက်ပြန် ကြည့်မိ၏။ ကားကြီးက အသစ်စက်စက်အတိုင်းပင်။ သုံးခေါက်မြောက်
ပြန်လျှောက်မိချိန်တွင်တော့ အာရုံစူးစိုက်မှုက တစ်နေရာဆီသို့ ..။

ကားနံပါတ်။ ဒီနံပါတ်ကို တရင်းတနှီး ရှိနေ၏။

ဦးနှောက်ကဆဲလ်တို့ကို နှေးကွေးစွာ အလုပ် လုပ်ခိုင်းဖြစ်သည်။ သေချာမှန်ကန်စေဖို့ရာ အလောသုံးဆယ် ဖိအားပေးလိုက်လို့မဖြစ်။ ဖြည်းဖြည်းမှန်မှန်သာ စဉ်းစားယူမှပင်။

" ဒီကားများလား ..! "

ပြန်အမှတ်ရလာသည့် မှတ်ဉာဏ်နှင့်အတူ
ရေရွတ်မိ၏။

'' ဒါ .. ဒါဆို ..''

မေနှင်းနဲ့ ပတ်သက်ဖူးခဲ့သည့်ကား။ မှတ်မှတ်ရရဖြစ်ရပ်မို့ မေနှင်းပြောပြခဲ့ဖူးသည့် ဒီကားနံပါတ်ကို မမေ့ပျောက်သွားခြင်းပင်။ အချိန်တွေ ကြာခဲ့ပြီ။ သို့ပေမဲ့ အလွယ်တကူ မေ့ပစ်လိုက်ဖို့ မဖြစ်ခဲ့။

'' ညံ .. ဒီမှာ ဘာလာလုပ်နေတာလဲ ''

ကိုယ့်အတွေးနဲ့ကိုယ် ရှိနေစဉ် ရုတ်တရက် ဘေးနားကပ် ပြောလိုက်သလို ကြားလိုက်ရသည့် အသံကြောင့် လန့်သွားမိတာအမှန်။

If YouWhere stories live. Discover now