Ep - 4

19.8K 2K 16
                                    

Unicode

'' သဇင် အခု စီးနေတဲ့ကားကို ရောင်းပစ်လိုက်တယ်ဆို ''

'' ဟုတ်တယ် မာမီ။ အဲ့ကားကို မြင်တိုင်း ကျက်သရေမရှိတဲ့ ဟိုကောင်ကို ပြန်မြင်ယောင်မိနေလို့ ရောင်းလိုက်တာ ''

မှန်တင်ခုံရှေ့တွင် ထိုင်ကာ Night cream ကို မျက်နှာချောချောလေးထက် လိမ်းနေသူကို ကြည့်ကာ ဒေါ်ခက်ခက်နွယ် ရတက်မအေးစွာ သက်ပြင်းချမိသည်။

ဒီသမီးဟာ အပြောကပဲ တအားလွယ်နေသလား။
အလွယ်ပဲ ပြောတတ်လွန်းနေသလား မသိ။ အခုလည်း ကားတစ်စီးလုံး ရောင်းပစ်တာတောင် အမေကို တစ်ချက်မတိုင်ပင်။

ဒေါ်ခက်ခက်နွယ် ကုတင် အစွန်းတွင် ဝင်ထိုင်လိုက်သည်။ သဇင်နွယ်ကလည်း ကိုယ်ကို လှည့်ကာ မျက်နှာမူလာ၏။

'' သမီး အခုလို ထင်ရာတွေ လျှောက်လုပ်နေတာ ကိုရာဇ သိသွားရင် မကောင်းဘူးနော် ''

'' အဲ့လူကြီး ဒီလောက်ချမ်းသာနေတာပဲ မာမီရာ။
ဒီကားလေးတစ်စီးနဲ့ ဘာဖြစ်သွားမှာမို့လဲ  ''

'' သမီးပြောသလို သူချမ်းသာတာလေ။ မာမီ ချမ်းသာတာမှ မဟုတ်တာ။ ပြီးတော့ မာမီ့ကိုလည်း သူက ချစ်လွန်း၊ မြတ်နိုးလွန်းလို့ ယူခဲ့တာ မဟုတ်ဘူး။ သူ့အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေလို့ ရေးအတွက် အနီးကပ် စောင့်ရှောက်ပေးဖို့ လက်ထပ်ခဲ့တာ။ မုဆိုးမဖြစ်တဲ့ မာမီကလည်း ပိုက်ဆံချမ်းသာတဲ့ ယောကျ်ားတစ်ယောက်ရဲ့အရိပ်ကို လိုအပ်လို့ ခိုလှုံခဲ့တယ်။ မာမီတို့ကြားမှာ အပေးအယူသက်သက်ပဲ ရှိတယ်။ ဒါကို သဇင်နားလည်ထားဖို့ လိုတယ်''

တိတ်ဆိတ်နေသော သမီးဖြစ်သူကို ကြည့်ကာ ဒေါ်ခက်ခက်နွယ် စကားကို ပြန်ဆက်ရ၏။

'' သမီးကို  ဟိုတယ်မှာ အလုပ်ဝင်ခိုင်းဖို့ မာမီ ကိုရာဇကို ပြောထားတယ်။ အဲဒါ သမီးဘက်က အလုပ်ဝင်ဖို့ ကြိုပြင်ဆင်စရာ ရှိတာတွေ ပြင်ထား။ ရေး မရှိတဲ့အချိန် ဟိုတယ်မှာ နေရာတစ်နေရာ ရအောင် ယူထားနိုင်မှဖြစ်မှာ။ ရေးသာ ပြန်ရောက်လာရင် မာမီရော သမီးအတွက်ရော နေရာရှိမှာမဟုတ်ဘူး။ မာမီပြောတာ နားလည်တယ်မလား ''

'' ဟုတ် မာမီ။ ဒါပေမဲ့ ဦးရာဇ နိုင်ငံခြားက ပြန်မရောက်ခင် ရေး ဒီအိမ်ပေါ် ပြန်ရောက်လာရင်ရော  ''

If YouWhere stories live. Discover now