Ep - 42

11.4K 1.1K 30
                                    

Unicode

" နှင်းမြ သေဆုံးမှုနဲ့ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ အမှန်တရားတချို့ ငါ့မှာ ရှိနေသေးတယ် ညံ။ မင်းကို အကုန်ပြောပြမှာမို့ ခဏလောက်ဖြစ်ဖြစ် ငါ့ကို အချိန်ပေးပါ။ ငါ မင်းနဲ့တွေ့ပြီး ပြောမှ ဖြစ်မှာမို့ .."

" ကျွန်တော် အခုဘယ်ကိုလာခဲ့ရမလဲ ကိုသီဟ "

တစ်ဖက်က ပြောလာသည့် စကားကြောင့် နောက်ကျိနေသောစိတ်တို့ ပို၍ ထွေပြားလာခဲ့ရသည်။ ချိန်းဆိုလာမည့်နေရာကို စောင့်နေစဉ် ရုတ်တရက် ဖြတ်ချခံလိုက်ရသည့် လေလှိုင်းဆက်သွယ်မှု။

"  ကိုသီဟ။ ကိုသီဟ "

ဘယ်လောက်ခေါ်ခေါ် တစ်ဖက်က ဖြေဆိုလာတော့မည် မဟုတ်။ ပြောနေရင်း ရုတ်တရက် ဖုန်းချသွား၏။ စိတ်တွေရှုပ်လာ၍ ဘာကိုမှသေသေချာချာ မစဉ်းစားနိုင်။ သောင်တင်နေသော မေးခွန်းပေါင်းများစွာအတွက် လက်ရှိ အဖြေထုတ်ပေးနိုင်သူမှာ ကိုသီဟသာ ရှိနေသည်။ ပြန်လည်ခေါ်ဆိုမှုကို မတုံ့မဆိုင်း ပြုပေမဲ့ ဆက်သွယ်ရေးအော်ပရေတာနှင့်သာ တိုးသည်။ ထပ်မံခေါ်ဆိုဖို့ရာ မလိုအပ်သည်အထိ စက်ပိတ်ထားကြောင်း အသိပေးအသံ။

" ရေး ငါ အခုချက်ချင်း ပြန်မှဖြစ်မယ်။ မင်းကားရောင်းတဲ့ ကိစ္စပြီးမှပဲ နောက်က လိုက်ခဲ့တော့နော် "

" ခဏစောင့်ဦး ညံ။ ငါပါလိုက်ခဲ့မယ် "

" ဘယ်ဖြစ်မလဲ။ မင်းကားက .."

" မရောင်းရလည်း ဖြစ်တယ်။ ခဏစောင့်။ ငါကားသော့သွားယူလိုက်ဦးမယ် "

ကျွန်တော့်စကားအဆုံးထိမရောက်ခင်ပင် ဖြတ်ပြောလာကာ အနားကထွက်သွားသူကို လှမ်းတားချိန်ပင်မရလိုက်။ အလကားသက်သက် ကျွန်တော့်ကြောင့်နဲ့ ရေးကို အလုပ်ကိစ္စ မပျက်စေချင်။ သို့ပေမဲ့ တားပြန်ရင်လည်း ရမှာ မဟုတ်။

ကြာကြာမစောင့်လိုက်ရခြင်းက ရေးရဲ့ အမြန်နှုန်းကြောင့်ပင်။ အပေါ်ထပ်အနွေးထည်ကို လက်ထဲဖြစ်သလို ဆုပ်ချေကိုင်ထားကာ ပြန်ထွက်လာသူ။ ရပ်ထားသည့်ကားနားကို လျှောက်ခဲ့ကာ အနားရောက်ချိန် ပွင့်လာသော တံခါးတစ်ချပ်။ ကားတံခါးအဖွင့်အပိတ်တာ၀န်ကို ကိုယ့်သဘောကိုယ်ဆောင်ကာ လုပ်သွားသူအား ပြောရေးဆိုခွင့်မရလိုက်။

If YouWhere stories live. Discover now