Ep - 11

16.4K 1.8K 32
                                    


Unicode

'' လူစုံတက်စုံပါလား ..''

'' လက်ထဲမှာ ဘာမှပါလာတာ မတွေ့ရင် တံခါးပိတ်ထား ရေး ''

သားငယ်တို့ကို ပြောနေရင်းမှ ထပ်ဆင့် ကပ်ပါလာသည့် အသံကြောင့် လှည့်ကြည့်မိတော့ အခန်းထဲက ထွက်လာသူ။ ရေချိုးပြီးခါစမို့ ရေလဲပုဆိုးနှင့် တီရှပ်တစ်ထည်ကို တွဲဖက် ဝတ်ဆင်ထား၏။ စိုရွှဲနေသော ဆံသားတို့ကို တဘက်တစ်ထည်နှင့် ပွတ်သုတ်နေလျက်။

'' မင်း အဲ့လို ကျက်ကျက်လုပ်နေ။ သိလား ညံ ''

ပြောမရ၊ ဆိုမရ ညံ။ ညကြီးအချိန်မတော်ဆို ခေါင်းလောင်းရေချိုးတတ်တာ ဘာအကျင့်မှန်းကို မသိ။

'' အေး။ သိတယ် ''

စိတ်ပေါက်ပေါက်နှင့် ပြောလိုက်သည်ကိုပင် အေးအေးတည်တည် ပြန်ရွဲ့လာသူ။ ညံဆိုတာ အဲ့လို ကောင်စုတ်လေးပင်။

'' စပ်ဖြဲဖြဲ လုပ်မနေနဲ့။ ကြားတယ်မလား။ မင်းတို့ ညံ့အတွက် ဘာဝယ်လာလဲ။ ပါမှ အဝင်ခံမှာနော်။ မဟုတ်လို့ကတော့ လာရာလမ်းအတိုင်း ပြန် ''

အိမ်ပေါက်ဝက ပိတ်ရပ်ထားပစ်လိုက်ရင်း အပီ ချဲနေမိစဉ် ညံကလည်း ဘေးမှာ အတူလာရပ်၏။

'' ဂိတ်မှူးက ကြမ်းလှချည်လားဗျ။ ပါ,ပါတယ် ကိုရေးရ။ ဒီမှာ ကိုညံအတွက် အိမ်က အထုပ်တစ်ခုလုံး ယူလာတာ ''

လက်ထဲဆွဲထားသည့် အိတ်ကို မြှောက်ပြရင်း ပြုံးဖြီးဖြီးနှင့် ပြောလာသူက ဘိုဘို။ သားငယ်ကလည်း အလားတူမျက်နှာပေးနှင့်ပင် မေးခွန်းပြန်ထုတ်နေသည်။

'' မိုက်လှချည်လား ဘိုဘိုရ။ ပြောစမ်းပါဦး။ ဘာအထုပ်များလဲ  ''

'' အမှိုက်ထုပ် ! ''

ပြန်ဖြေသူက ဘိုဘိုမဟုတ်။ သက်ဆွေ ဖြစ်၏။
သုံးယောက်သားက အတိုင်အဖောက်ညီညီ ရွှတ်နောက်နောက်၊ ပြုံးဖြီးဖြီး၊ ကျွန်တော့်ဘေးနား ရပ်နေသူ အိမ်ကြီးရှင်လေးက ဘောက်ဆတ်ဆတ်၊ မျက်နှာကြောက ခပ်တင်းတင်း။ ဒီဧည့်နဲ့ ဒီရှင် လိုက်လည်းလိုက်၏။

'' မင်းက ဘာရယ်တာလဲ။ မရယ်နဲ့။ ပါးစပ်ပိတ် ''

'' အင်း။ မရယ်တော့ဘူး  ''

If YouWhere stories live. Discover now