Ep - 18

12.9K 1.4K 12
                                    

Unicode

'' ဆော .. ဆောရီး ''

'' နင် တမင်လုပ်တာမလား ရိုက်ခတ်ညံ ''

ရေစိုသွားသည့် ခြေဖမိုးမို့မို့ကို တစ်ချက်ကြည့်ရင်း ပြန်မော့လာသော မျက်ဝန်းတို့တွင် ဒေါသတို့က အပြည့်။ ကားရေဆေးနေရင်း စ,နောက်ရာမှ  မတော်တဆ ဖြစ်သွားမှုအား လက်မခံနိုင်။ ကတောက်ကဆများနှင့် မပြေလည်မှုများကြောင့် ညံ တမင်ညစ်တာဟုပင် ထင်နေတော့၏။

'' မဟုတ်ဘူး သဇင်။ ညံ နင့်ကို ရေစိုစေချင်လို့ လုပ်တာမဟုတ်ဘူး။ မတော်တဆ ဖြစ်သွားတာ ''

'' နင် သူ့ဘက်က ရှေ့နေလိုက်ပေးနေရအောင် ရိုက်ခတ်ညံက နင့်ကို လစာဘယ်နှစ်ပြား
ပေးထားလို့လဲ ရေး။ သူ့ဘာသာ တမင်လုပ်လုပ် မလုပ်လုပ် နင်နဲ့မဆိုင်ဘူး။ ညံနဲ့ပတ်သက်ပြီး နင်သာ နေရာတကာ ဝင်မပါနဲ့ ''

ဒေါသတို့ဖြင့် အိမ်ထဲပြန်ဝင်သွားသည့် သဇင်နွယ်။ ညံမဟုတ်ဘဲ ကျွန်တော့်ကို ပြောဆိုသွားတာမို့ စိတ်ထင့်မနေတော့။ ကားရေဆေးဖို့သာ ဆက်လုပ်လိုက်၏။ သို့ပေမဲ့ မှုန်ကုပ်နေလျက် စိုက်ကြည့်လာသူက ညံ။

'' ညံ ... ''

'' နောက်တစ်ခါ ငါဘာဖြစ်ဖြစ် မင်း ဝင်မပါနဲ့ ရေး။ ငါ့ကိို ဘယ်သူတွေ ဘာပြောပြော လွှတ်ထားလိုက်။ မဖြေရှင်းနဲ့။ ငါ့ကိိုပြောတာ ငါခံနိုင်တယ်။ ငါ့ပြဿနာ ငါရှင်းနိုင်တယ်။ နောက်တစ်ခါ ငါ့ရှေ့မှာ မင်းကို ဒီလိုမျိုး ပြောဆိုလာတာတွေ့ရင် ပြောတဲ့သူကိုရော ငြိမ်ခံနေတဲ့ မင်းကိုပါ ငါတစ်ခုခု လုပ်မိလိမ့်မယ် ''

လက်ထဲက ရေပိုက်ကို ပစ်ချကာ ခြံပြင်ဘက် လျှောက်သွားသူ။ ဝေါဟာရတို့ အဓိပ္ပာယ်ကို မဆန်းစစ်နိုင်။ ညံသွားရာနောက် အမောတကော လိုက်မိ၏။

ခြေလှမ်းကျဲများဖြင့် ထွက်သွားသော ညံက ခါတိုင်းထက် မြန်နေကာ ခြံပြင်သို့ပင် ရောက်လုနီးနေ၏။ ခြံတံခါးဆွဲဖွင့်ကာ ထွက်သွားသူနောက် အမီလိုက်ရင်း လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်မိသည်။

'' ငါ တောင်းပန်ပါတယ်။ စိတ်မဆိုးပါနဲ့ ညံ ''

ဘယ်နေရာမှာ ဘာကမှားသွားလဲဆိုတာကို စဉ်းစားနေဖို့ အချိန်မရှိ။ လက်ကိုသာ ဖမ်းဆုပ်ထားရင်း မသိလိုက်သော အမှားတစ်ခုအတွက် ညံစိတ်တိုရခြင်းအား တောင်းပန်စကားဆိုမိသည်။

If YouWhere stories live. Discover now