Ep - 29

11.8K 1.2K 30
                                    

Unicode

'' မခင်မေ ဘာတွေငိုင်နေတုန်း ''

'' ငိုင်တယ်ရယ်လို့လည်း မဟုတ်ပါဘူး။ ဒီလိုပါပဲ ထူးဆန်းတာလေးရှိလို့ စဉ်းစားကြည့်နေတာ ''

'' အမယ် .. တယ်ဆိုတဲ့ စကားပါလားဟ။ ပြောပါဦး။ ငါ မသိတဲ့ ထူးဆန်းတဲ့ကိစ္စဆိုတာ ''

နံရံမှာချိတ်ထားသည့် ဘေးလွယ်အိတ်ကို ယူပြီးနောက် မီးပူတိုက်နေသည့် မခင်မေ အနားသို့ လျှောက်သွားကာ ထိုင်ချရင်းမှ မေးလိုက်၏။ မခင်မေ ရင်ထဲ တနုံ့နုံ့ဖြစ်နေ၍ ဖွင့်ဟအသိပေးဖို့ လိုအပ်နေချိန်နှင့် တိုးသည်မို့  မီးခလုတ်ကို သုညထိ ချရင်းမှ မီးပူကို ထောင်ထားလိုက်၏။ ပြီးမှ လေးနက်စွာ ကြည့်လာလျက်။

'' ကျွန်မ ရှင့်ကို မပြောဖြစ်ခဲ့တဲ့ကိစ္စ ရှိသေးတယ် ကိုသီဟ ''

'' ပြောပါဦး။ ဘာများလဲ  ''

'' အင်း။ ပြောမယ်။ ကျွန်မ ရှင့်ကို ဒီနေ့တော့ အကုန်ပြောပြမှပဲ ဖြစ်တော့မယ် ''

မခင်မေ ပြောလာမည့်စကားတို့ကို သီဟ အာရုံစိုက်ကာ စောင့်နေလိုက်သည်။ မခင်မေ ဆုံးဖြတ်ထားသည့်အတိုင်း မကွယ်မဝှက် အကုန်အသိပေးဖို့ ကြိုးစားလိုက်သည်။

'' သမီး ဆေးရုံတက်နေချိန် ရှင် ကားတိုက်မှု ဖြစ်တာကို မှတ်မိတယ်မလား ''

'' မှတ်မိတာပေါ့။ ဒါ မေ့စရာကိစ္စမှ မဟုတ်ဘဲ။ ဘာဖြစ်လို့လဲ ''

'' ရှင် အချုပ်ထဲရောက်နေချိန် ကျွန်မ .. ကျွန်မလေ ညံ့ဆီ သွားခဲ့သေးတယ် ''

'' ဘယ်လို ''

'' အဲ့အချိန်တုန်းက ကျွန်မ ထူပူနေတော့ ဘာကိုမှ သိပ်ပြီး မစဉ်းစားခဲ့ဘူး။ ကျွန်မ ညံ့ကို သွားတောင်းပန်ခဲ့တာ။ ပြီးတော့ .. ပြီးတော့ .. မနှင်းမြရဲ့အမှုကို ကြေအေးပေးဖို့ပါ တောင်းဆိုခဲ့မိတယ် ''

'' ဟာကွာ .. မခင်မေရာ။ မင်းဘယ်လိုများ မျက်နှာပြောင်တိုက်ပြီး သွားတောင်းဆိုရတာလဲ။ နှင်းမြက ညံ့အတွက် ဘယ်လိုလူမျိုးလဲဆိုတာ မင်းရော ငါရော အသိဆုံးပဲ မဟုတ်လား။ အဒေါ်ဆိုပေမဲ့ အမေလိုမျိုး ဖြစ်တည်မှုလေ။ အမေလိုမျိုးသူကွ ''

If YouWhere stories live. Discover now