Ep - 33

11.8K 1.3K 15
                                    

Unicode

ကားသံကြား၍ သဇင်နွယ် ထမင်းစားခန်းထဲက အမြန်ထွက်ခဲ့လိုက်သည်။ ရေးကို တွေ့ချင်စိတ်နဲ့ ထွက်ခဲ့ပေမဲ့ မြင်ရပြန်တော့လည်း ဒေါသဓါးက ရင်ကို ထိုးမွှေလာပြန်သည်။

ရေးရဲ့ဘေးမှာ ကော်လိုကပ်နေတဲ့ ကပ်ပါးကောင်။
ဘယ်လိုနည်းတွေသုံးမှ လွင့်သွားမလဲဆိုတာ မသိရသေး။ သူရှိနေသရွေ့တော့ ရေးက သူမကို ရှိတယ်လို့တောင် ထင်မှာမဟုတ်။ ဒီကပ်ပါးကောင် မရှိမှသာ ရေးနဲ့ နီးစပ်နိုင်မည်ပင်။ ဒေါသနဲ့ ဖိစီးနေသော အတွေးတို့ကို တခဏချုပ်တည်းရင်းမှ အပြုံးပါးပါးတစ်ခု မျက်နှာထက် ချိတ်ဆွဲမိသည်။ မာမီပြောသလို မုန်းနေတယ်ဆိုရင်တောင် ပြုံးတတ်ဖို့တော့ လိုသည်မဟုတ်လား။

'' ရေး ပြန်လာပြီလား။ နောက်ကျတယ်နော် ''

'' အင်း။ ညံနဲ့အတူ ဘုရားသွားတာနဲ့ နည်းနည်း နောက်ကျသွားတာ ''

'' ငါ နင်နဲ့အတူ ထမင်းစားဖို့ စောင့်နေတာ။ ပြီးရင် ဆင်းခဲ့နော်။ ငါ အောက်မှာ စောင့်နေမယ် ''

'' အရင်စားနှင့်လေ။ ငါတို့ကို စောင့်နေရင် ဗိုက်ဆာနေလိမ့်မယ် ''

ဘေးက ရိုက်ခတ်ညံကို ငဲ့ကြည့်ပြီးမှ ပြောလာသည့် စကား။ အရေးပါခြင်းကို အကြည့်တစ်ချက်နှင့် ပုံရိပ်ဖော်လာသည့် ရေး။ သဇင်နွယ် စိတ်တိုဒေါသထွက်ရပြန်ပေမဲ့ မတတ်သာနေ။ ဟန်မပျက်မူရာကို ထိန်းသိမ်းနေရသည်။

'' ငါတစ်ယောက်တည်း မစားချင်လို့။ မာမီက ထုံးစံအတိုင်း နောက်ကျမှာလေ။ ဆင်းခဲ့နော်။
ငါ မစားသေးဘဲ စောင့်နေမယ် ''

'' ဒါဆိုလည်း စောင့်နေလေ။ ငါတို့လည်း သိပ်မကြာပါဘူး ''

သဇင်နွယ် ပြုံးမိလိုက်ပြီးနောက် ရေးနဲ့ ရိုက်ခတ်ညံကလည်း အပေါ်တက်သွားပြီမို့ လှည့်ထွက်ခဲ့သည်။ ထမင်းစားခန်းထဲ ဝင်ဖို့အပြင် မိဖြိုးနဲ့ ကြီးရွှေ ပြောနေသည့် စကားများကို အမှတ်တမဲ့ ကြားလိုက်ရ၏။ ချောင်းနားထောင်ဖို့ စိတ်ကူးမရှိသည်မို့ ဆက်လှမ်းရန် ပြင်ပေမဲ့ တစ်စုံတစ်ယောက်နာမည်က နောက်ပြန်ဆုတ် ရပ်စေခဲ့သည်။

'' ကိုညံက ခင်ဖို့ကောင်းတယ်နော် ကြီးရွှေ။
စကားပြောတာလည်း ပွင့်လင်းတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဟန်ဆောင်တာလည်း သိပ်မရှိသလိုပဲ  ''

If YouWhere stories live. Discover now