ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၁၅

1K 60 2
                                    

(Zawgyi)

Smile reflection eye (p 15)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

''မင်းကလည်း ချစ်စရာလေးကို popular ဖြစ်ပီပေါ့ နော် deer ''

''အင်း...''

အဲ p' က ပါးဆွဲပီးပြောတော့ ကျွန်တော့် မျက်လုံးက auto သူ့ကို လှမ်းကြည့်မိသွားသည်။ အဲအချိန်မှာ သူ့ရဲ့ မျက်ဝန်းတစ်စုံနဲ့ တိုးမိပြန်သည်။  သူလည်း ကျွန်တော့်ကို ကြည့်နေပီး ကျွန်တော် ပြန်ကြည့်တာကို မျက်နှာလွဲသွားပီး ပြန်စားနေသည်။

ဘာလို့ အဲလိုကြည့်တာလဲ p' သူများက  ပါးဆွဲတာကို ရွံလို့လား  မနာလိုဖြစ်နေတာလား ဒါမှမဟုတ် ဟို ကျွန်တော့်ကို သဝန်တိုနေတာလား p' ကျွန်တော်လည်း ထင်ရာ တွေးနေလိုက်သည်။ p'တို့က အဲလိုပြောတော့ new က

''p' ကျွန်တော်တို့ရော''

''မင်းတို့လည်း ချစ်ဖို့ကောင်းပါတယ် ဒါပေမဲ့ သူ့လောက်တော့ မဟုတ်ဘူးပေါ့''

''ဟာဗျာ'

''ဟား ဟား''

'' အော် မနက်ဖြန် ဓာတ်ပုံရိုက်ဖို့ရှိတယ်နော် အဲဒါ အဆောင် ၁ ခန်းမကို လာခဲ့''

''ဘာဖြစ်လို့လဲ p'..''

''တခြားကျောင်းက သူတွေပါ ရွေးတဲ့ထဲ ပါတယ်လေ အဲဒါ တခြားကျောင်းက ကျောင်းသူကျောင်းသားတွေလည်း vote ပေးလို့ရအောင် ဓာတ်ပုံရိုက်ပီး လိုင်းပေါ်တင်မယ်လေ''

''p' ကလည်း ရှက်စရာကြီး''

''အော သူများကျောင်းတွေလည်း တင်ထားတယ် ကိုယ့်ကျောင်းလည်း တင်မှာပေါ့ ကျောင်းတိုင်း vote ပေးလို့ရတာပေါ့''

နောက်ပီး p' တစ်ယောက်က

''မပူနဲ့ အဲဒါလည်း မင်းပဲများမှာပါ ကိုယ့်တစ်ကျောင်းတည်းနဲ့တင် vote များနေတာ''

''အဲလောက်လဲ မဟုတ်ပါဘူး p' ရဲ့''

''ကြည့်နေပါ နောက်မှ ကိုယ်ပြောတာမှန်ရင် မုန့်ဝယ်ကျွေးဖို့ မမေ့နဲ့''

''ဟုတ်ကဲ့ပါ''

''ကဲ p' တို့ကို ခွင့်ပြုဦး''

ပီးတော့ p' တွေက နှုတ်ဆက်ပီး ထွက်သွားကာ p'sing တို့ ခုံမှာသွားထိုင်ကြသည်။

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now