ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၁၁၈

586 32 2
                                    

Smile reflection eye (P 118)
(ပြုံးရောင်ဟပ်မျက်ဝန်း)

sing//
ကျွန်တော်တို့ par ထွက်လာတာကို ရပ်ကြည့်နေတော့ par က ကျွန်တော့်အနားကို လျှောက်လာပီး ပါးကို ရိုက်လိုက်တော့ ကျွန်တော်လည်း ဝမ်းနည်းမိသည်။ ကျွန်တော်လည်း ဘာမှ မပြောပဲ ငြိမ်နေလိုက်သည်။ ငိုချင်နေပေမဲ့ မျက်ရည်တွေ မကျအောင် ထိန်းထားလိုက်သည်။ kit mom နဲ့ par ကို အားနာနေမိသည်။ ပီးတော့ kit ကြောက်မှာစိုး၍ သူ့လက်ကိုတင်းတင်းဆွဲထားလိုက်သည်။ mom နဲ့ တီတီက ထပီးဆွဲသည်။ ပီးတော့ mom က

''ရှင်ကလည်း ကလေးကို ကောင်းကောင်းပြောပါ ဘာလို့ ရိုက်ရတာလဲ''

''မင်း သား လုပ်ပုံကြည့်ပါလား ခိုးပြေးတယ်တဲ့ မိန်းကလေး မဟုတ်ပဲ ယောက်ျားလေးတဲ့ ပီးတော့ဟိုက ပထမနှစ်ပဲရှိသေးတာ''

''ရှင်ကလည်း ဟိုကလေး မိဘတွေကို အားနာပါဦး''

''အားနာလို့ပြောတာပေါ့ ငါတို့ ဘယ်လိုမျက်နှာ ပြရမလဲ ရှက်ဖို့တောင်ကောင်းတယ်''

''...''

''မင်းတို့ ဘယ်လိုအတွေးနဲ့ များ စိတ်ကူးယဉ်နေကြတာလဲ''

mom က ကျွန်တော့်အနားကိုလာပီး ကျွန်တော့်ခါးကိုဖက်လိုက်သည်။ ကျွန်တော်လည်း
kit လက်ကို လွှတ်ပီး mom ကို အားကိုးတကြီးနဲ့ ဖက်ထားလိုက်သည်။ မျက်လုံးမှ မျက်ရည်တွေက တားမရတော့ပေ။ kit ကလည်း ကျွန်တော့်ကိုကြည့်ပီး စိတ်မကောင်းဖြစ်နေသည်။ mom က ကျွန်တော့် ပခုံးကို ပွတ်ပေးသည်။

kit//
p' က သူ့ mom ကို ဖက်ပီး ငိုနေတာကို ကြည့်ပီး စိတ်မကောင်းဖြစ်ရသည်။ သူလည်း ဝမ်းနည်းတတ်ပါလားလို့တွေးမိသည်။ ကျွန်တော်က တစ်ခါတစ်ခါ ငိုပေမဲ့ သူက မငိုပဲ အားပေးတတ်သူပါ။ အခုတော့ mom ကို ဖက်ပီး ငိုနေတာကို သနားပီး ဝမ်းနည်းစွာနဲ့ သေချာကြည့်နေမိသည်။ အဲအချိန်မှာ  p' mom က

''ရှင်ကလည်း ဆူချင်ပီးမှ ဆူ''

''အေး မင်း သားတွေကို အလိုလိုက်နော် မင်းကြောင့်ဖြစ်ချင်တိုင်း ဖြစ်နေတာ''

''ဒါက သူတို့ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုကို တစ်မျိုးထင်နေကြတာပါ ကလေးတွေကို နားလည်အောင်ပြောရင်ရပါတယ် ရှင်''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)जहाँ कहानियाँ रहती हैं। अभी खोजें