ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၂၅

876 56 0
                                    

(Zawgyi)
Smile reflection eye (p 25)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

kit//
ကျွန်တော်တို့ သောက်ပီးတဲ့ထိ p'sing ပြန်မလာသေးပေ။ အဲအချိန်မှာ p'deer နဲ့ p'off တို့ အုပ်စုက ထသွားတော့ ကျွန်တော်က

''p'off''

p'off က လှည့်ကြည့်ပီး

''ဘာလဲ kit''

ပြန်လှမ်းမေးတော့ ကျွန်တော်က လက်မလေးနဲ့ လမ်းမဘက်ကို ထိုးပြလိုက်ပီး

''ဟို ဟို p'sing ကို မစောင့်တော့ဘူးလား''

''မစောင့်တော့ဘူး သူလာရင် p' တို့သွားပီလို့ ပြောလိုက်နော်''

''ဟုတ်''

သူတို့ ထွက်သွားတော့ ကျွန်တော် လိုက်ကြည့်နေလိုက်သည်။ ပီးတော့ သူများ ပြန်လာမလားဆိုပီး ကြည့်နေတော့ သူက ပြန်မလာပါ ခဏနေတော့ mari က

''အတန်းတက်တော့မယ် လာ သွားကြမယ်လေ''

ကျွန်တော်က မနေသာတော့ပဲ oaujun ကို လှမ်းကြည့်ပီး

''oaujun p'sing ကို မစောင့်တော့ဘူးလား''

''ဘာလို့လဲ''

''ဟို p'off မှာထားတာ ပြောပေးရမယ်လေ''

''အော် ရပါတယ် သူ ဒီအချိန်ဆို အတန်းပြန်ပီပေါ့ သူ p'off တို့ကို ဖုန်းဆက်မေးလည်းရတာပဲ''

သူက အဲလိုပြောတော့ ကျွန်တော် ပြုံးရုံလေး ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။ ကျွန်တော်တို့ ဆိုင်ထဲကထွက်လာ​တော့လည်း သူဝင်သွားတဲ့ လမ်းကို ကြည့်နေမိသည်။ သူလာကောင်းလာနိုင်နိုးနဲ့ ကြည့်နေသော်လည်း မတွေ့ရပေ။

ဒါနဲ့ ကျွန်တော်တို့ အတန်းကို ပြန်ခဲ့ကြသည်။ oaujun က နှုတ်ဆက်ပီး သူ့အခန်းထဲ ဝင်သွားသည်။ ကျွန်တော်တို့က ကိုယ့်အခန်းကိုယ်ဝင်လိုက်သည်။ ခဏနေတော့ဆရာမလာ၍ စာသင်လိုက်သည်။

sing//
ကျွန်တော် အတန်းရောက်တော့ off တို့ မရောက်သေးပေ။ ဒါနဲ့ ကျွန်တော်လည်း နေရာမှာ ထိုင်လိုက်သည်။ ခဏနေတော့ သူတို့ ရောက်လာသည်။ nott က နေရာမှာထိုင်ရင်း

''ဘာလို့ အခုမှ အသည်းအသန်နဲ့ ဘယ်သူ့ကို သွားပေးတာလဲ''

''ငါပေးချင်တဲ့ သူပေးတာကွာ ဘာလို့လဲ''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now