ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၄၁

863 58 0
                                    

(Zawgyi)
Smile reflection eye (p 41)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

kit//
ကျွန်တော်တို့ စားပီး အတန်းထဲ ပြန်လာခဲ့သည်။ ခဏနေတော့ ဆရာလာ၍ စာသင်လိုက်သည်။ စာသင်ချိန်ကုန်လို့ ညနေ ကျောင်းဆင်းချိန်ရောက်တော့ ကျွန်တော်ရယ် oaujun ရယ် fait ရယ်
p'sing မလာသေးလို့ စောင့်နေလိုက်သည်။ ခဏနေတော့ oaujun ဆီ ဖုန်းဝင်လာသည်။ oaujun က ဖုန်းပြောပီးတော့ ကျွန်တော်တို့ လှမ်းကြည့်ပီး

''p'sing က ဆရာခိုင်းထာတာရှိလို့တဲ့ မင်းတို့ပဲ ပြန်တော့တဲ့''

''ဟုတ်လား''

ကျွန်တော်တို့ ထွက်လာခဲ့ကြသည်။
ကျွန်တော့်အိမ်ရောက်တော့ ဆင်းပီး သူတို့ကို နှုတ်ဆက်ကာ အိမ်သို့ပြန်ခဲ့ကြသည်။

ဒီလိုနဲ့ နောက်နေ့ မနက်ရောက်တော့လည်း ကျောင်းစောစောသွားတယ်တဲ့ ပြန်ချိန်ရောက်တော့လည်း ပြန်နှင့်ပါဆိုလို့ ကျွန်တော်တို့ ၃ ယောက်ပဲ ပြန်ခဲ့ရသည်။ နောက်ပီး ကျောင်းနှစ်ရက်ပိတ်တော့လည်း oaujun နဲ့ fait ကသာ အိမ်လာလည်လို့ တွေ့ရပေမဲ့ p'sing ကို မတွေ့ရပေ။

sing//
ကျွန်တော် ညနေကျောင်းဆင်းတော့ oaujun ကို ဖုန်းဆက်ပီး ပြန်ခိုင်းလိုက်သည်။ ပီးတော့ off နဲ့ ကျွန်တော် library တွင် စာလုပ်နေလိုက်သည်။ လိုတဲ့ စာအုပ်တွေက library မှာ အလွယ်တကူ ရှာလို့ရ၍ library တွင်လုပ်ခြင်းဖြစ်သည်။

နောက်နေ့ မနက်လည်း အစောကြီး သွားလိုက်သည်။ ထမင်းစားချိန်လည်း ထမင်း အမြန်စား၍ အတန်းထဲတွင် ထိုင်ရေးပေးလိုက်သည်။ ညနေလည်း နောက်ကျမှ ပြန်၍ သူတို့နဲ့ မတွေ့ပေ။

ကျောင်းနှစ်ရက်ပိတ်တော့လည်း ကျွန်တော့်ကျောင်းစာတွေကို လေ့လာရသည်။ oaujun ကသာ kit တို့အိမ်သွားမယ်ဆိုပီး ထွက်ထွက်သွားသည်။

kit//
ကျွန်တော်လည်း အိမ်တွင် oaujun တို့နဲ့ ဂိမ်းဆော့လိုက် TV ကြည့်လိုက်နှင့် နေသည်။ ညနေ oaujun တို့ ပြန်သွားတော့ အခန်းထဲ ဝင်လာခဲ့သည်။ valentine day မှာ p'sing ကို ချောကလာပ်ကျွေးရင် ကောင်းမလား စဉ်းစားနေမိသည်။ ကျွေးမယ်ဆိုရင် တောင် ဘယ်လိုကျွေးရပါ့မလဲ ပေါ်တင်သွားပေးရင်လည်း ရှက်စရာကြီး ။

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now