ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၆၀

748 41 0
                                    

Smile reflection eye (P 60)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

kit//
ကျွန်တော်လည်း အိမ်ပြန်ရောက်တော့ ရေချိုး သန့်စင်ပီး par နဲ့ mom ထမင်းစားစောင့်နေ၍ ထမင်းစားလိုက်ကြသည်။ ပီးတော့ အပေါ် တက်ကာ စာလုပ်နေလိုက်သည်။

ကျွန်တော် p'sing နဲ့တွေ့ရတာ ရသမျိုးစုံ ခံစားနေရသည်။ ချစ်ခင်မှု ပျော်ရွှင်မှု ရင်ခုန်မှု ထိတ်လန့်မှုတွေက
p'sing ရဲ့ ရသမျိုးစုံပေးစွမ်းနိုင်တဲ့ လုပ်ဆောင်ချက်တွေကို နှစ်သက်သဘောကျနေခဲ့တာ အမှန်ပါ။

သူရဲ့အချစ်ကို ရလို့ ပျော်ရွှင်ခဲ့ရသလို သူရဲ့ စတတ်တာလေးကလည်း လူကို ပျော်ရွှင်မှုတွေ ရခဲ့သည်။ ပီးတော့ သူရဲ့ စွဲမက်လောက်တဲ့ အထိအတွေ့တွေကြောင့် ကျွန်တော့်ရဲ့ ရင်ကို လှုပ်ရှားလာအောင် ရင်ခုန်မှုတွေ ပေးနေသည်။ သူနဲ့ရှိနေရင် တခြားသူတွေ မြင်တွေ့သွားမှာစိုး၍ ထိတ်လန့်ခဲ့ရသည်။ အရင်က သူ့ကို ချစ်ခဲ့ရတာ အခု သူ့ရဲ့ အပြုအမူတွေကြောင့် ပိုစွဲလမ်းနေခဲ့ရသည်​။

ကျွန်တော်လည်း ပြုံးရင်း ခေါင်းခါလိုက်မိသည် အတွေးတွေကို ရပ်ကာ စာဆက်လုပ်နေလိုက်သည်။ အတန်​ကြာ​တော့ အိပ်ချိန်ရောက်တော့ အိပ်လိုက်သည်။

sing//
ကျွန်တော် အခန်းတွင် စာလုပ်ပီးလို့ ကုတင်ပေါ်တွင် ထိုင်ကာ ဖုန်းသုံးနေတုံး oaujun က တံခါးဖွင့်ကာ ဝင်လာသည်။ ကျွန်တော်က သူဝင်လာတာကို သေချာကြည့်လိုက်တော့ သူက ခုံမှာ ဝင်ထိုင်လိုက်ပီး

''p'sing ညနေက kit နဲ့ အတူတူရှိနေတာလား''

''အင်း''

''p' တို့က ဘာတွေလဲ''

''ဘာဖြစ်လို့လဲ''

''p' တို့ကို ကြည့်ရတာ သိပ်မူမမှန်သလိုပဲ ထူးခြားနေတယ်လို့ ထင်တယ်''

သူက မေးတော့ ကျွန်တော် ပြုံးလိုက်မိသည်။ ဒါကို သူက ဆက်ပီး

''fait ကို မေးတော့ မင်းကို p'sing မပြောပြဘူးလားတဲ့ ကျွန်တော်က မပြောဘူးလို့ ပြောတော့ p'sing ကို အရင်မေးလိုက်တဲ့ သူ ပြောရင် p'တို့ စိတ်ဆိုးမှာစိုးတယ်တဲ့ အဲဒါ p' ကို လာမေးတာ''

''အော်''

''အဲဒါ p' နဲ့ kit က ဘယ်လို ပတ်သက်နေတာလဲ''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now