ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၁၀၄

496 32 3
                                    

Smile reflection eye (P 104)
(ပြုံးေ​ရာင်ဟပ်​မျက်​ဝန်း)

''မစားချင်လို့ မစားတာ''

''kit ဂျစ်မတိုက်နဲ့နော် မင်း ဂျစ်တိုက်ကမဲ့ အရွယ်မဟုတ်တော့ဘူး''

"သား စားလို့ ဝင်​မှာလည်းမဟုတ်​ဘူး ဒါ့​ကြောင့်​ မစားတာ''

"မင်းနဲ့​တော့​လေ''

"...''

ကျွန်​​တော်​က ဘာမှပြန်​မ​ပြော​တော့ mom လည်း ပြန်​ထွက်​သွားသည်​။ ကျွန်​​တော်​လည်း စာကိုသာ အာရုံစိုက်​လုပ်​​နေလိုက်​သည်​။ ​မွန်းလွဲချိန်​​ကျော်​လို့ ည​နေခင်း ​ရောက်​တဲ့ထိ ​အောက်​ကို မဆင်း​ပေ။ စာလုပ်လိုက်​ ဂိမ်း​ဆော့လိုက်​နဲ့ အလုပ်​ရှုပ်​​နေသည်​။ အတန်​ကြာ ည​နေစာ ထမင်းစားချိန်​​ရောက်​​တော့ ကျွန်တော် ဂိမ်းဆော့နေချိန်မှာ ကျွန်​​တော့ကို ထမင်းစားဖို့ လာ​ခေါ်တဲ့သူက mom မဟုတ်​ပဲ par ဖြစ်​​နေသည်​။ par က အခန်းထဲဝင်​လာပီး

"kit မင်း mom ​ခေါ်ခိုင်းလိုက်​တယ်​ ထမင်းစားမယ်​တဲ့ ''

"မစားချင်​ဘူး''

"တစ်​​နေကုန်​မစားပဲ ​နေဦးမလို့လား''

"...''

"​အေး ငါတို့က အပြစ်​မ​ပေးပဲနဲ့ မင်း ဘာသာ အငတ်​ခံတာ''

"...''

"မလာဘူး​နော်​ ​အေး မစားနဲ့ သက်​သာတယ်​''

''...''

ကျွန်တော် ဘာမှမပြောတော့ mom လည်း အခန်းထဲက ထွက်သွားသည်။

ကျွန်တော်လည်း ဂိမ်းထပ်ဆော့နေလိုက်သည်။

sing//
ကျွန်တော် စာထိုင်လုပ်နေလိုက် ဂိမ်းဆော့လိုက်နှင့် တစ်နေကုန်နေသည်။ အောက်ဆင်း ထမင်းစားလိုက် အပျင်းပြေ TVကြည့်လိုက်လုပ်နေသည်။ kit တို့အိမ်လည်း မသွားရတော့ ပျင်းနေသည်။ အခုချိန် kit ဘာတွေများလုပ်နေလဲဆိုပီး တွေးနေမိသည်။ TVသာ မျက်လုံးက ကြည့်နေတာ စိတ်က kit ဆီရောက်နေသည်။ အဲအချိန် oaujun က

''p' kit ဆီမသွားဘူးလား''

''အင်း''

ကျွန်တော် TV ကြည့်နေရင်း ခေါင်းညိတ်ပြလိုက်သည်။

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Hikayelerin yaşadığı yer. Şimdi keşfedin