ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၁၀၂

505 29 0
                                    

Smile reflection eye (P 102)
(ပြုံးေ​ရာင်ဟပ်​မျက်​ဝန်း)

''ဟို ဟုတ်တယ် par ကျွန်တော်တို့ ချစ်သူတွေ ဖြစ်နေတာ''

''အေး ထင်သားပဲ''

''par ကျွန်တော်တို့ကို သဘောတူ... ''

''ဘာလဲ သဘောတူခိုင်းဖို့ မစဉ်းစားနဲ့နော် မင်းရူးနေလား ငါတို့မိဘတွေ ဘယ်လို မျက်နှာပြရမလဲ''

''par ကလည်း uncle sam ကိုကျတော့ p'dem အတွက်ဖျောင်းဖျနေပီးတော့''

''ဟ ဖျောင်းဖျတာ သဘောတူခိုင်းတာမဟုတ်ဘူး စိတ်လိုက်မာန်ပါလုပ်မှာစိုးလို့ ဖျောင်းဖျတာ ဘာလဲ မင်းက dem ကို အတုယူပီး သူ့အတိုင်းလိုက်လုပ်တာလား''

''မဟုတ်ပါဘူး သားတို့က p'dem အကြောင်း မသိခင်ထဲက ချစ်နေကြတာ''

''ဘာ ဘာပြောတယ်''

''par ကျွန်တော်တို့ကို မခွဲပါနဲ့နော်''

par ရဲ့ အော်သံကြောင့် အနောက်ခန်းထဲမှ mom က ကြားပီး ပြေးထွက်လာခဲ့သည်။ ပီးတော့ ကျွန်တော် ပြောလိုက်တဲ့ စကားကြောင့် ကြောင်ကြည့်နေပီး

''ဘာတွေဖြစ်နေတာလဲ ဘာကို မခွဲခိုင်းတာလဲ လန့်တောင်လန့်တယ်''

''မင်းက အခုလန့်ရုံလန့်တာ မင်းသားအကြောင်းသိရင် သွေးတက်နိုင်တယ်''

''ဘာလဲ ရင်တုန်လိုက်တာ ပြောပါ''

''မင်းသား sing  နဲ့ ချစ်သူတွေ ဖြစ်နေတာ''

''ဘာ ရှင်မဟုတ်တာတွေမပြောနဲ့ kit က sing ကို p' လိုချစ်တာ''

''p' လိုချစ်တာ မင်း သားပါးကို နမ်းမလား''

''အမ်း အော် ရှင်ကလည်း ညီအစ်ကိုတွေလည်း အရမ်းချစ်ရင် နမ်းတာပဲ  သူတို့ ညီအစ်ကိုတွေက ချစ်ခင်တတ်တာ ရှင်လည်း သိသားနဲ့''

''မင်းက မသိဘဲ ဇွတ်ပြောနေတယ် မင်း သားကို မေးပီးပီ ဟုတ်တယ်တဲ့''

''အမ်း ဟုတ်လား သား''

''...''

mom ရဲ့ အံ့သြထိတ်လန့်နေတဲ့ မျက်နှာကို မြင်ပီး ကျွန်တော် ဖြေရမှာ တွန့်ဆုတ်နေမိသည်။ ဒါကို par က လေသံမာမာနဲ့

''ဖြေလိုက်လေ''

''ဟို mom သားနဲ့ p'sing နဲ့ ချစ်သူတွေ ဖြစ်နေတာ''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Kde žijí příběhy. Začni objevovat