ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၈၅

536 28 0
                                    

Smile reflection eye (P 85)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

kit//
သူရေချိုးခန်းထဲဝင်တော့ ကျွန်တော်လည်း အောက်ဆင်းလာခဲ့သည်။ ပီးတော့ အနောက်ခန်းထဲဝင်လိုက်ပီး ပေါင်းအိုးကို ခလုပ်ဖွင့်ကာ နွှေးလိုက်သည်။ ဟင်းအိုးတွေ နွှေးလိုက်သည်။ နွှေးထားတုံး ပန်းကန်တွေကို ဆေးလိုက်သည်။ ဆေးပီးသား ပန်းကန်တွေကို စားပွဲပေါ်တင်ပီး ဟင်းတစ်အိုးပီး တစ်အိုးနွှေးလိုက်သည်။

ကျွန်တော် နွှေးပီး ပန်းကန်တွေထဲ ခပ်ထည့်နေတော့ p'sing က ဆင်းလာသည်။ သူက

''ကိုယ် ထမင်းခူးလိုက်မယ်''

''အင်း အော် p' မနက်က ထမင်းကိုပဲပြန်နွှေးထားတာ စားတတ်မလား များသေးလို့ မသယ်တော့တာ''

''အော် ရပါတယ် မနက်ကမှ ချက်တာပဲကို''

''မစားတတ်မှာစိုးလို့ ပီးတော့ ကျွန်တော် ထမင်းချက်တဲ့ ချိန်ဆ မသိလို့''

''အာ ဒါ ကိုယ့်ကိုပြောပါလား ကိုယ်ချက်ပေးမှာပေါ့''

သူက ထည့်ပီးသားပန်းကန်ကို စားပွဲပေါ်တင်ရင်းပြောလိုက်သည်။ ဒါနဲ့ ကျွန်တော်က

''ဟုတ်လား ဒါဆို ပြန်ချက်မလား''

''မချက်ပါနဲ့ ဒါတွေနှမျောစရာကြီး''

''အင်း p' က တော်တယ်နော် ထမင်းပါချက်တတ်ဆိုတော့''

''ကိုယ်က ပထမနှစ်တက်တုံးက အဆောင်မှာနေတာ​လေ အဲဒါ ကျောင်းပိတ်ရက် ကိုယ့်ဘာသာချက်စားတာ''

''အော် ဒီနှစ်ကျတော့ မနေဘူးလား''

''ဒီနှစ် oaujun ကတတ်တော့ mom က oaujun ကို စိတ်မချလို့ အသွားအပြန်အတူတူသွားပေးပါဆိုတော့ အိမ်မှာသွားနေတာ

''အော်''

'' ပထမ​တော့ နှစ်ပတ်လောက်ဆို သူလမ်းသိသွားရင် အဆောင်မှာ ပြန်နေမလို့ပဲ ဒါပေမဲ့''

ကျွန်တော်က ဟင်းပန်းကန်တွေကို စားပွဲပေါ်တင်လိုက်သည်။ သူက နေရာချပေးသည်။ ပီးတော့ ခုံမှာထိုင်ရင်း ပြောတော့ ကျွန်တော်လည်း ဝင်​ထိုင်လိုက်ပီး

''ဒါပေမဲ့ ဘာဖြစ်လဲ''

''ဒါပေမဲ့ သူ့ကို သွားခေါ်ရင်း ကိုယ်ချစ်ရတဲ့သူကို တွေ့သွားတယ်လေ အဲဒါ အဆောင်ပြန်နေရင်​ oaujun ကို သွားမခေါ်ရ​တော့ သူ့ကို တွေ့မှာမဟုတ်ဘူးလေ အဲဒါကြောင့် oaujun နဲ့ အိမ်ကိုအတူတူပြန်တာ သူ့ကိုနေ့တိုင်းတွေ့လို့ရအောင်''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now