ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၅၁

859 52 4
                                    

Smile reflection eye (p 51)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

sing//
fait က စလိုက်တော့ သူ ရှက်ပီးဆင်းသွားတာ ကျွန်တော့်ကိုတောင် မကြည့်တော့ပေ။ တော်တော်ရှက်တတ်တယ် fait က ဒီလို နောက်နေပုံထောက်ရင် သူ ကျွန်တော်တို့ အကြောင်းကို သိထားပုံ ရသည်။ ကျွန်တော်တို့လည်း သူဆင်းသွားတာကို ကြည့်ပီး ရယ်နေလိုက်သည်။ ပီးတော့ ကားက မောင်းထွက်သွားသည်။

oaujun ကတော့ နားမလည်သလိုကြည့်နေသည်။ ပီတော့ oaujun က

''ဘာလို့ kit က ရှက်သွားတာလဲ''

fait က
''မင်းမသိသေးဘူးလား''

''မသိဘူး ဘာလဲ''

''ဒါဆို အိမ်ရောက်မှ p'sing ကို မေးကြည့်''

''အမ်း ဘာလဲ p'sing''

''အလကား သူလျှောက်ပြောနေတာ''

ကျွန်တော်ကပြောလိုက်တော့ fait က
''အေးပါ မင်းသိရမှာပါ''

သူက ပြောပီး ရယ်နေသည်။ ကျွန်တော်လည်း ဘာမှ မပြောပဲနေလိုက်သည်။ fait က သူ့ အိမ်ရောက်တော့ ဆင်းသွားသည်။ ကျွန်တော်တို့လည်း အိမ်သို့ ဆက်လာခဲ့သည်။ အိမ်ရောက်တော့ ကျွန်တော် အခန်းထဲဝင်တော့ oaujun က အခန်းထဲလိုက်လာပီး

''p'sing fait က ဘာတွေပြောသွားတာလဲ''

''မင်းကို နောက်သွားတာပါ''

''မဖြစ်နိုင်ဘူးနော် kit နဲ့ ပတ်သက်နေတာတော့ သိတယ် ဘာလဲ''

ကျွန်တော်လည်း မနေသာတော့ပဲ

''ငါ့ကို kit နဲ့နောက်နေတာ''

''အမ်း ယောက်ျားချင်းကို''

''ဘာဖြစ်လဲကွာ ယောက်ျားချင်းလည်း ''

သူက ဘာမှမပြောပဲထွက်သွားသည်။ ကျွန်တော်လည်း ရေချိုးသန့်စင်ပီး ဖုန်းထိုင်သုံးနေလိုက်သည်။ ခဏနေတော့ ဆင်းသွားပီး ထမင်းစားလိုက်သည်။ ပီးတော့ ပြန်တက်လာပီး စာထိုင်လုပ်နေလိုက်သည်။

kit//
ကျွန်တော် အိမ်ရောက်တော့ mom က ရေချိုးဝတ်ဆင်ပီးလို့ ဧည့်ခန်းတွင်ထိုင်နေသည်။ ဒါနဲ့ ကျွန်တော်က

''ဟ mom က ပြင်ဆင်ပီးသွားပီပေါ့''

''အေးလေ သားကို စောင့်နေတာ သား ရေချိုး ပီးရင် ထမင်းစားပီးသွားကြမယ်''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now